မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

ချင်းပြည်နယ်၊ မတူပီမြို့နယ် အိုင်ဒပ်တောင်ကြောမှ စစ်ဘေးရှောင်နေကြသည့် ပြည်သူများ သည် စားနပ်ရိက္ခာနှင့် ဆေးဝါးများလုံလောက်မှုမရှိခြင်းကြောင့် အခက်အခဲများကြုံနေကြပြီး ကူညီထော က်ပံ့မှုလို အပ်နေကြသည်ဟု အိုင်ဒပ်နယ်မြေမှ စစ်ဘေးရှောင်ကူညီပေးနေသူ တစ်ဦးက ပြောသည်။

“သူတို့အတွက်လိုအပ်ချက်က စားနပ်ရိက္ခာရယ်၊ ဆေးဝါးရယ်၊ ပြီးတော့ ဆေးဝါးကျွမ်းကျင်တဲ့ဆရာ၊မ တွေကို လိုချင်တယ်။ ပြီးတော့ အဓိက မိုးကာရယ်၊ စောင်၊ဖြစ်နိုင်ရင်တော့ ခြင်ထောင်ကအစလိုချင်တယ် အခုက မိုးရာသီ ဆိုတော့။  ပထမစစ်ကြောင်းတုန်းက ထွက်ပြေးတာရော၊ အခုရောဆိုတော့ ဘယ်သူကမှ ဘာပစ္စည်း တစ်ခုမှ တောတောင်ထဲကို မသယ်နိုင်တော့ဘူး စစ်သားတွေက အကုန်လုံး ခိုးသွားကြပြီ ကျွန်တော်တို့မှာ ခက်ခက်ခဲခဲ တအားဖြစ်နေတယ်” ဟု အိုင်ဒပ်နယ်မြေမှ စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်ပြီး CDF-Matupi နှင့် စစ်ကောင်စီတပ်များအကြားဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မင်းတပ်-မတူပီလမ်းတစ်လျှောက် နှင့် အိုင်ဒပ်တောင်ကြောတွင်ရှိသော ကျေးရွာနေပြည်သူ များ တောထဲတောင်ထဲ စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

စစ်ဘေးရှောင်ပြည်သူများသည် စစ်ရှောင်နေရင်း ဆေးဝါးမလုံလောက်မှုကြောင့် ၈ နှစ်အရွ ယ်ကလေးတစ်ဦး အပါအဝင် ပြည်သူ ၆ ဦးအထိသေဆုံးမှုလည်းယခင်ကရှိခဲ့ပြီး လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများသည် နေထိုင် စားသောက်ရေးအတွက် အခက်ခဲဆုံးအခြေအနေရောက်နေကြသည်ဟု အိုင်ဒပ်နယ်မြေမှ စစ်ဘေးရှောင်ကူညီပေးနေသူ တစ်ဦး က ဆက်ပြောသည်။

“အခုလောလောဆယ် စစ်ဘေးရှောင်တွေက စားရေးသောက်ရေးက အဆင်ပြေတဲ့အနေအထားက လုံးဝမ ရှိဘူး။ အခုချိန်ထိ ရန်ပုံငွေလည်းမရှိဘူးဆိုတော့ ထောက်ပံ့လို့မရဘူး။ တစ်ယောက်နဲ့တယောက်ရှိတာလေးနဲ့ မျှပြီးစားသောက်နေကြရတာ သူတို့စားသောက်ဖို့က ဒီတပတ်အတွက်က နည်းနည်းရှိရင်ရှိမှာ နောက်လာမည့် အပတ်ဆိုရင်တော့ လုံးဝမစဉ်းစားနိုင်ဘူး” ဟု သူကပြောသည်။

ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည်မှာ သုံးကြိမ်ခန့်ရှိလာပြီဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့များစစ်ကြောင်းချီလာသည့် လမ်းတလျောက်တွင်ရှိသော ကျေးရွာ လူနေအိမ်များ မီးရဖျက်ဆီးခဲ့သောကြောင့် စစ်ဘေးရှောင်များသည် နေရပ်ပြန်ရန်ပြင် ခက်ခဲနေသည်ဟု သိရသည်။

မတူပီမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေရသည််နယ်မြေဧရိယာ (၄) ခုရှိပြီး အိုင်ဒါပ်ဧရိယာတွင် ခြန်းပြန်း(က)၊ (ခ)၊ ရမ်တိန်းကျေးရွာ၊ မွှန်တုန်ကျေးရွာ၊ ဟာလ်တူးကျေးတို့မှ စစ်ဘေးရှောင်လူဦးရေ (၁၃၇၀) ခန့်ရှိကြောင်း စစ်ဘေးအရေးကူညီပေးနေသူများထံမှ သိရသည်။

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...