မွန်မှာ နေလှန်းဆားအထွက်နည်းခြင်းကြောင့် ဆားစျေးတက်လာ

မွန်မှာ နေလှန်းဆားအထွက်နည်းခြင်းကြောင့် ဆားစျေးတက်လာ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှာ မိုးဆက်တိုက်ရွာနေပြီး ဆားထွက်နည်းခြင်းကြောင့် ဆားပေါက်စျေး ၁ ပိဿာကို ၃၃၀ ကျပ်အထိ စျေးတက်လာကြောင်း ဆားလုပ်ငန်းရှင် နိုင်ဘရှိန်းက ပြောသည်။

"မိုးရွာတော့ ကျွန်တော်တို့ ဆားလုပ်ငန်းတွေပျက်စီးတော့ နေလှန်း ဆားထွက်နှုန်းလျှော့ကျလာတယ် အဲဒါကြောင့် ဒီနှစ်ဆားစျေးနှုန်းကတော့ ခါတိုင်းနှစ်ထက် စျေးပိုရတယ်" ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က နေလှန်းဆားတစ်ပိဿကို ၁၂၀ ကျပ်သာရှိပြီး ယခုနှစ်တွင် ဆားကြမ်း တစ်ပိဿာကို ၂၃၀ ကျပ်၊ ဆားအချော တစ်ပိဿာကို ၃၃၀ ကျပ်အထိ စျေးတက်လာကြောင်း သိရသည်။

ယခုနှစ်မှာတော့ နေလှန်းဆားထွက်နှုန်း ၄၅% သာရရှိပြီး ယခင်နှစ်က နေလှန်းဆားထွက်နှုန်း ၈၀% နှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ပငကျေးရွာမှထွက်ရှိသည့် နေလှန်းဆားများကို မော်လမြိုင်မြို့၊ ထားဝယ်မြို့၊ မြိတ်၊ အင်းဝ၊ ပဲခူးမြို့အပါအဝင် မြန်မာနိုင်ငံအနှံ့ ပို့ဆောင်နေကြောင်း သိရသည်။

မိုးရွာသွန်းခဲ့သည့်အတွက် နေလှန်းဆားကွင်းများ ပျက်စီးမှုကြောင့် မေလ ၁ ရက်နေ့မှ စတင်ပြီး ဆားလုပ်ငန်းရပ်ထားကြောင်း ဆားတောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက မွန်ပြည်နယ်အတွင်းအချိန်အခါမဟုတ် မိုးရွာသွန်းခဲ့သောကြောင့် နေလှန်းဆားကွင်းများ ပျက်စီးခဲ့ပြီး နေလှန်းဆား ပိဿာချိန် ခြောက်သောင်း‌ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ‌ဆားတောင်သူ တစ်ဦးက ပြောသည်။

နေလှန်းဆားကို ရေးမြို့နယ် အပြင် သံဖြူဇရပ်၊ ပေါင်မြို့နယ်တို့တွင်လည်း အဓိက ထုတ်လုပ် လုပ်ကိုင်နေကြသည်။

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...