မွန်ပြည်နယ်က ငါးဖမ်းလှေတွေ လာမယ့် ငါးဖမ်းရာသီမှာ လှေပြန်ထွက်ဖို့ အခက်အခဲ ရှိနေ

မွန်ပြည်နယ်က ငါးဖမ်းလှေတွေ လာမယ့် ငါးဖမ်းရာသီမှာ လှေပြန်ထွက်ဖို့ အခက်အခဲ ရှိနေ

မွန်ပြည်နယ်အတွင်းက ငါးဖမ်းလှေတွေဟာ ပြီးခဲ့တဲ့ ငါးဖမ်းရာသီမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် လာမယ့် ငါးဖမ်းရာသီမှာ လှေပြန်ထွက်ဖို့ အခက်အခဲ ရှိနေကြတယ်လို့ ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ငါးလုပ်ငန်းရှင်တွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်တက်လာတာနဲ့ ငါးဖမ်း ဆက်စပ်ပစ္စည်း အပါအဝင် အထွေထွေကုန်ကျ စရိတ်ကြီးမြင့်တာအပြင် ငါးအထိအမိ နည်းပါးခဲ့တဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ငါးဖမ်းလှေတွေဟာ ငါးရာသီ မပိတ်ခင်မှာဘဲ လုပ်ငန်းတွေ ရပ်နားခဲ့ရတဲ့ အတွက်ကြောင့် လာမယ့် ငါးဖမ်းရာသီမှာ လှေပြန်ထွက်ဖို့ ငွေကြေး အရင်းအနှီးအတွက် အခက်အခဲတွေ ရှိလာခဲ့တယ်လို့ ငါးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“လက်ရှိ ရာသီမှာ ဘယ်လို အခက်အခဲနဲ့ ကြုံတွေ့ ခဲ့ရလည်းဆိုတော့ လောလောဆယ် ဆီဈေးက ကြီးတယ်၊ ငါးအထိအမိက တအားနည်းတယ်၊ အလုပ်သမားခတွေက ဈေးကြီးတယ်၊ လုပ်ငန်းတွေက အခုဆိုလို့ရှိရင် ဘယ်လောက် ရှိလည်းဆိုရင် (၃)လလောက် ရှိပြီး လုပ်ငန်းတွေ ရပ်ထားတာ၊ လုပ်ရင်းလုပ်ရင်းနဲ့ တဖြည်းဖြည်းနဲ့ အရှုံး (၁)လ (၂)လလောက် အရှုံးပြတာနဲ့ အခု သိမ်းလိုက်တာပေါ့၊ လုပ်ငန်းတွေ ရပ်ထားတာပေါ့၊ ကျွန်တော်တို့က ဒီကုန်ဈေးနှုန်းတွေက ဥပမာအားဖြင့် ငါးဈေးကတော့ မတက်ဘူးဗျာ၊ ကျန်တဲ့ ကုန်ဈေးနှုန်းတွေက အကုန်လုံး လိုက်တက်နေတယ် ဆိုလို့ရှိရင်တော့ ငါးဒိုင်တွေမှာ ငွေချေးရတာပေါ့”လို့ ဆိုပါတယ်။

တဖက်မှာတော့ ငါးလုပ်ငန်းရှင်တွေဟာ ငါးဖမ်းရာသီပိတ်ချိန်မှာ ငါးဖမ်းလှေ အပါအဝင် ငါးဖမ်းပိုက်နဲ့ စက်ပိုင်းဆိုင်ရာ ပြင်ဆင်ဖို့အတွက် ကုန်ကျစရိတ်မတတ်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

ဒါကြောင့် လာမယ့် ငါးဖမ်းရာသီမှာ လှေတွေ ပြန်ထွက်ဖို့ နောက်ကျနိုင်တယ်လို့ ဆိုပါတယ်။

May 29, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ စစ်မှုထမ်းအတွက် ဥပဒေမဲ့ ပေါ်တာဆွဲ...
May 28, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက် ပလက်ဖောင်းတွေပေါ်မှာ အရက်သေစာ သောက်စားတာ...
ဓာတ်ပုံ-MOI
May 27, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၅ အတွက် လူငယ် ၂၀၀...
May 26, 2026
ပဲခူးတိုင်း မုန်းမြို့နယ်အခြေစိုက် စစ်တပ်ဂိတ်စခန်း နှစ်ခုကို ဝင်ရောက်စီးနင်းပြီး...