စစ်တွေမြို့နယ်မှ မွတ်ဆလင်(၈) ဦး ဖမ်းဆီးခံရ

စစ်တွေမြို့နယ်မှ မွတ်ဆလင်(၈) ဦး ဖမ်းဆီးခံရ
၂၀၂၀ ခုနှစ် ဇန်နဝါရီလက စစ်တွေမြို့၊ သဲချောင်းကျေးရွာတွင် ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလက စစ်တွေမြို့၊ သဲချောင်းကျေးရွာတွင် ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ မွတ်ဆလင်(၈)ဦးကို မြန်မာစစ်တပ်မှ မေလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ဖမ်းဆီးသွားခဲ့ကြောင်း ကျေးရွာတာဝန်ခံနှင့် မိသားစုဝင်များထံမှသိရသည်။

စစ်တွေမြို့နယ်၊ ဘောဒူပကျေးရွာမှ ဦးအောင်သိန်း၊ ဒါးပိုင်ကျေးရွာမှ ဆောလီ၊ မကျည်းမြိုင်အကွက်(၉)မှ ဦးမောင်ဘ၊ သက္ကယ်ပြင်ကျေးရွာမှ ကျော်နုနှင့် အီစုဖ်တို့ကို မေလ ၃ ရက်နေ့ ညနေ့ ၈ နာရီခန့်က ဖမ်းဆီးသွားပြီး ဘောဒူပကျေးရွာမှ ဦးရော်ဘီ၊ ဦးရော်ဘီ၏လက်ထောက်တစ်ဦး၊ ကြက်ကိုင်းတန်ကျေးရွာမှ ဦးထွန်းလှစိန်တို့ကို မေလ ၄ ရက်နေ့ ညနေ့ ၉ နာရီခန့်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသည့် ဦးမောင်ဘ၏ မိသားစုဝင်တစ်ဦးက DMG သို့ အတည်ပြုပြောဆိုသည်။

“ကျွန်တော်အဖေက ကွမ်းယာဝယ်ဖို့သွားတော့ လမ်းကနေတစ်ခါတည်းဖမ်းသွားတာ။ ဘာဖြစ်လိုဖမ်းသွားလည်း ဆိုတာကို ကျွန်တော်တို့လည်းမသိဘူး။ ကျွန်တော်အဖေက ဘုမေဈေးမှာ အမဲသားရောင်းပါတယ်။ အခုက ဘယ်ကိုခေါ်သွားတယ်ဆိုတာလည်း အဆက်အသွယ်မရဘူး။ ကျွန်တော်အဖေက ဘယ်အဖွဲ့အစည်းနဲ့မှ ဆက်စပ်မှုမရှိဘူး။ သားသတ်အလုပ်ကိုလုပ်နေတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ”ဟု ၎င်းကဆိုသည်။

ထိုသို့ မွတ်ဆလင် ၈ ဦးဖမ်းဆီးခံရသည်မှာမှန်ကန်ပြီး မည်သည်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရကြောင်း အမည်မဖော်လိုသည့် ကျေးရွာတာဝန်ခံတစ်ဦးကပြောသည်။

“ဖမ်းသွားတာတော့ ဟုတ်ပါတယ်။ သူတို့ကို ဘယ်ကိစ္စနဲ့ဖမ်းသွားလည်းဆိုတာ ကျွန်တော်လည်း အတိအကျမသိဘူး။ စစ်တပ်က ဖမ်းသွားတာပါ။ အခုဘယ်နေရာကို ယူသွားလည်းဆိုတာ မသိရသေးဘူး။ သူတို့က သားသတ်အလုပ်နဲ့ ဈေးရောင်းနေတဲ့သူတွေပါ”ဟု ကျေးရွာတာဝန်ခံတစ်ဦးက ပြောသည်။

ထိုကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ကိုသိရှိနိုင်ရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်ရာ အစည်းအဝေးလုပ်နေသည်ဟုဆိုသဖြင့် တစ်စုံတစ်ရာ တုန့်ပြန်ချက် မရရှိခဲ့ပေ။

ပြီးခဲ့သည် ဧပြီလ ၉ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ အောင်ဒိုင်ကျေးရွာအုပ်စု၊ င/ပွန်းကျေးရွာမှ မွတ်ဆလင် ရာအိမ်မှူးနှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်က ဖမ်းဆီးစစ်ဆေးပြီး နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...
စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...
August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...
ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...