AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဧရာဝတီတိုင်းမှ ရခိုင်တိုင်းရင်းသား ၄၀ ထက်မနည်းကို စစ်ကောင်စီကဖမ်းဆီး

AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဧရာဝတီတိုင်းမှ ရခိုင်တိုင်းရင်းသား ၄၀ ထက်မနည်းကို စစ်ကောင်စီကဖမ်းဆီး

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီးရှိကျေးရွာများမှ ရခိုင်တိုင်းရင်းသား ၄၀ ဦးထက် မနည်းကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်မှုရှိသည်ဆိုသည့် သံသယဖြင့် စစ်ကောင်စီမှဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့မှစတင်ကာ ဟိုင်းကြီးကျွန်းမြို့၊ ငါးပြေမကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာ၊ အဏ္ဏဝါကျေးရွာ၊ ဇီးဖြူခေါင်းကျေးရွာနှင့် ဟိုင်းကြီးရွာတို့တွင် ထိုသို့ဖမ်းဆီးမှုများဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဖမ်းဆီးခံရသည့် အမျိုးသား၊အမျိုးသမီးစုစုပေါင်း ၄၀ ဦးခန့်ရှိကြောင်း ဒေသခံများကပြောသည်။

ငါးပြေမကျေးရွာမှ လုံခြုံရေးအရအမည်မဖော်လိုသည့်ဒေသခံတစ်ဦးက “အေအေက စစ်သင်တန်း ပေးတယ်ဆိုပြီးတော့ ရခိုင်တိုင်းရင်းသားကျေးရွာသားတချို့ကို လိုက်ပြီးဖမ်းဆီးတာဖြစ်တယ်။ အားလုံးက ရခိုင်တိုင်းရင်းသားတွေဖြစ်ပါတယ်”ဟု အဆိုပါဒေသခံက DMG သို့ ပြောသည်။

ဖမ်းဆီးခံရသူများထဲမှ မေလ ၁ ရက်နေ့တွင် အမျိုးသမီးအပါအဝင် လူငယ် ၁၅ ယောက်ခန့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန်လူများကို ဟိုင်းကြီးကျွန်းရှိ စစ်ကောင်စီ ရေတပ်စခန်းဌာနချုပ်တွင် ထိန်းသိမ်းထားကာ မိသားစုဝင်များနှင့်အဆက်အသွယ်မရရှိသေးကြောင်း ဒေသခံများထံမှသိရသည်။

လက်ရှိတွင် စစ်ကောင်စီက ဟိုင်းကြီးမြို့နှင့် ဟိုင်းကြီးကျွန်းအနီးရှိကျေးရွာများကို တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်စစ်ဆေးမှုများရှိသည့်အတွက် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အဏ္ဏဝါကျေးရွာမှ လုံခြုံရေးရနာမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

“အဲဒီလိုမျိုး ဖမ်းဆီးမှုတွေရှိတဲ့အတွက် ဟိုင်းကြီးကျွန်းမှာမနေကြတော့ဘူး။ ဟိုင်းမြို့ပေါ်မှာ တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးတယ်။ မသင်္ခါတဲ့လူဆိုရင် ဖမ်းဆီးချုပ်နှောင်သွားတယ်။ အခုဆိုရင် ကျွန်တော်တို့ တောတောင်မှာပုန်းနေကြတယ်။ လူအများကြီးလည်း စုပြီးမနေရဲကြတော့ဘူး။ ဟိုနေရာမှာတစ်ယောက်၊ သည်နေရာမှာတစ်ယောက် အဲလိုနေရတယ်”ဟု ၎င်းဒေသခံကပြောသည်။

ဧရာဝတီတိုင်းမှ ရခိုင်တိုင်းရင်းသားများအား စစ်ကောင်စီမှ ဖမ်းဆီးထားသည်ဆိုသည့် ဒေသခံများ၏ ပြောကြားချက်နှင့်ပတ်သက်၍ DMG မှ သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG မှ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းရှိခဲ့ပါ။

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းထားသည်မှာ တစ်နှစ်ကျော်အထိကြာမြင့်လာပြီ ဖြစ်သော်လည်း အေအေနှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးမှုများ လက်ရှိအချိန်ထိရှိနေသေးသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...