မြို့နယ်ရဲမှူးအား ကျည်ဆံနှင့်တွဲလျက် သတိပေးစာပေး

မြို့နယ်ရဲမှူးအား ကျည်ဆံနှင့်တွဲလျက် သတိပေးစာပေး

ဧရာဝတီတိုင်းအတွင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ကို တော်လှန်ရေး ပြောက်ကျားများက ကျည်ဆံပါသော သတိပေးစာ ပေးပို့လိုက်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဦးအား ကျည်ဆံ ၂ တောင့် နှင့် အတူ သတိပေးစာ တစ်စောင် ဧပြီလ ၂၆ ရက်နေ့က ပေးပို့ ခံခဲ့ရသည်ဟု  ရဲတပ်ဖွဲ့ နှင့် နီးစပ်သည့် အသိုင်း အဝိုင်းက သိရသည်။

“သူ(ရဲမှူးအောင်နိုင်ဦး) က တပ်ဖွဲ့ထဲက အရာရှိငယ်တွေနဲ့ရော ရဲဘော်တွေနဲ့ရော အဆင်မပြေတဲ့သူပါ။ ရသမျှ အကုန်အိတ်ထဲ ထည့်တဲ့သူပေါ့။ ခု သူ့ကို PDF တွေက သတိပေးလိုက်တာ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီးကာ ငွေတောင်းပြန်လွှတ်ခြင်း၊ လောင်းကစားဝိုင်းများကို လိုင်းကြေးယူ၍ ခွင့်ပြုခြင်း၊ ထို့အပြင် ငွေကြေးချမ်းသာသူ အချို့ကို NUG, CRPH, CDM, PDF တို့နှင့် ပတ်သက်သည်ဟု စွပ်စွဲ ခြိမ်းခြောက်ကာ ငွေညှစ်ခြင်းတို့ ပြုလုပ်သည်ဟု မြို့ခံအချို့က ပြောသည်။

“ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မြို့နယ်မှူး ရဲမှူးအောင်နိုင်ဦး ခွေးရူးလိုကိုက် မိုက်နေရင် မကြာခင် ပြာချခံရ တော့မည်” ဟု တော်လှန်ရေး ပျောက်ကျားတပ်စု၏ သတိပေးစာတွင် ဖော်ပြပါရှိသည်။

တော်လှန်ရေး ပြောက်ကျားတပ်စု မှ တာဝန်ရှိသူ တစ်ဦးက “ဒေသခံတွေကို သက်သက်မဲ့ ဖမ်းပြီး ငွေတောင်း တယ်။ မသက်ဆိုင်သူတွေကို ဖမ်းဆီး နှိပ်စက်နေတယ်။ တော်တော်ဆိုးသွမ်းနေလို့ သတိပေးလိုက်တာ” ဟု ပြောသည်။

နယ်ထိန်းနှင့် နယ်ထိန်းအင်ချပ် ရဲအရာရှိများကလည်း နေရာမပြောင်းရွှေ့ရရေး အတွက် ရဲမှူးအောင်နိုင်ဦးကို လိုင်းကြေး တိုးမြင့်ပေးရသဖြင့် ကျေနပ်မှုမရှိကြဘူးဟု ရဲတပ်ဖွဲ့ဝင် အချို့၏ ပြောပြချက်အရ သိရသည်။

မြို့နယ်ရဲမှူး အောင်နိုင်ဦးသည် မကွေးတိုင်း၊ ထီးလင်း မြို့မရဲစခန်းမှူး ရာထူးမှ ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့ မှူး အဖြစ် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းက ပြောင်းရွှေ့ တာဝန်ကျကာ ရောက်ရှိလာသူ ဖြစ်သည်ဟု ရဲတပ်ဖွဲ့အသိုင်း အဝိုင်းထံမှ သိရသည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...