သင်္ကြန်ကာလ ကျိုက်ထီးရိုးဘုရားသို့ ခရီးသွားဝင်ရောက်မှု ၄ သောင်းကျော်ရှိ

သင်္ကြန်ကာလ ကျိုက်ထီးရိုးဘုရားသို့ ခရီးသွားဝင်ရောက်မှု ၄ သောင်းကျော်ရှိ

သင်္ကြန်ပိတ်ရက်ကာလဖြစ်သော ဧပြီ ၉ ရက် မှ ၁၇ ရက်အတွင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၄၄၉၅၆ ဦး ဝင်ရောက်ခဲ့ကြောင်း ကျိုက်ထီးရိုး ဂေါပက အဖွဲ့ထံမှ သိရသည်။

ပြည်တွင်းပြည်ပ ခရီးသွား  ၄၄၉၅၆ ဦး အနက် ၁၇၁ ဦးမှာ နိုင်ငံခြားခရီးသွားများ ဖြစ်ကြောင်း၊ တစ်ရက်တွင် ခရီးသွား ငါးထောင်ခန့် ဝင်ရောက်ခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ ခေါင်းဆောင် ဦးစိုးလှက ပြောသည်။

"လက်ရှိ အနေအထားမှာတော့ အခု ဒီနေ့ဆိုရင် ၂၇ရက်နေ့ ရောက်လာပြီ။ သင်္ကြန်ပြီးနောက်ပိုင်းမှာ နည်းနည်း နည်းသွားတယ်။ တစ်နေ့ကို ပျမ်းမျှ ၂၀၀၀ ဝန်းကျင်လောက်ပဲ လာတော့မယ်"ဟု ၎င်းက ပြောသည်။

သင်္ကြန်ပြီးနောက်ပိုင်းတွင် ပြည်တွင်းပြည်ပ ခရီးသွား တစ်ရက်ကို ၂၀၀၀ ခန့်သာ ဝင်ရောက်မှု ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ဧပြီ ၉ ရက်က ပြည်တွင်းဘုရားဖူး ၄၈၁၅ ဦးနှင့် နိုင်ငံခြားသား ၆ ဦး၊ ဧပြီ ၁၀ ရက်က ပြည်တွင်း ဘုရားဖူး ၅၃၇၅ ဦးနှင့် နိုင်ငံခြားသား ၁၂ ဦး၊ ဧပြီ ၁၁ ရက်က ပြည်တွင်းဘုရားဖူး ၄၂၁၁ ဦးနှင့် နိုင်ငံခြားသား ၂၉ ဦး၊ ဧပြီ ၁၂ ရက်က ပြည်တွင်းဘုရားဖူး ၄၉၆၆ ဦးနှင့် နိုင်ငံခြားသား ၂၉ဦး၊ ဧပြီ ၁၃ ရက်က ပြည်တွင်းဘုရားဖူး  ၆၀၃၅ ဦးနှင့် နိုင်ငံခြားသား ၁၃ ဦး လာရောက်ခဲ့ကြောင်း ဂေါပကအဖွဲ့၏ စာရင်းများအရ သိရသည်။

ထို့အတူ ဧပြီ ၁၄ ရက်က ပြည်တွင်းဘုရားဖူး  ၅၂၅၇ ဦးနှင့် နိုင်ငံခြားသား ၁၇ ဦး၊ ဧပြီ ၁၅ ရက်က ပြည်တွင်းဘုရားဖူး ၄၃၉၇ ဦးနှင့် နိုင်ငံခြားသား ၄၂ ဦး၊  ဧပြီ ၁၆ ရက်က ပြည်တွင်းဘုရားဖူး ၅၁၁၇ ဦးနှင့် နိုင်ငံခြားသား ၁၁ ဦး၊  ဧပြီ ၁၇ ရက်က ပြည်တွင်းဘုရားဖူး ၄၇၈၃ ဦးနှင့် နိုင်ငံခြားသား ၁၁ ဦး လာရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်တွင်းပြည်ပ ခရီးသွားများသည့်အတွက် အိပ်သည့်နေရာ အဆင်ပြေရန် ထမင်းဆိုင်မှာ ပေးတည်းကြောင်း ကျိုက်ထီးရိုးတောင်ပေါ်မှ ဆိုင်ရှင်တစ်ဦးက ပြောသည်။

"ဆိုင်မှာ ထမင်းစားတယ်။ တည်းဖို့ နေရာ အခက်အခဲဖြစ်တဲ့သူတွေကိုဆို တည်းဖို့နေရာပေးတယ်"ဟု ၎င်းက ပြောသည်။

ကျိုက်ထီးရိုးတောင်တော်သို့  နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရားဖူး ခရီးသွားများ ၃ သန်းခန့် ပုံမှန် ဝင်ရောက်လေ့ရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

June 12, 2026
မွန်ပြည်နယ်တွင် အသက် ၁၅ နှစ်အောက်ကလေးများ သွေးလွန်တုပ်ကွေး စတင်ဖြစ်ပွားနေပြီးဖြစ်သဖြင့်...
June 11, 2026
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်တွင် မွန်တိုင်းရင်းသားစာပေကို Grade 5 အထိ...
June 10, 2026
မွန်ပြည်နယ်အတွင်းရှိ ခရီးသည်ပို့ဆောင်ရေး မှန်လုံယာဉ်များ ထိုင်းကုန်ပစ္စည်း မသယ်ဆောင်ရန် ပြည်နယ်...
ပုံ-IMNA Data Visualisation
June 9, 2026
မြန်မာပြည်တောင်ပိုင်းဒေသများဖြစ်သည့် မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စစ်ကော်မရှင်...