ဖားကန့်တွင် အင်တာနက် ပြန်ပြတ်တောက်သွား

ဖားကန့်တွင် အင်တာနက် ပြန်ပြတ်တောက်သွား
ဓါတ်ပုံ - Vietnam Investment Review
ဓါတ်ပုံ - Vietnam Investment Review

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အင်တာနက် ၁၅ ရက်ခန့် ရရှိပြီးနောက် ပြန်လည် ပြတ်တောက်သွားပြီဟု ဒေသ ခံများက ပြောသည်။

ဖားကန့်မြို့နှင့် အနီးတဝိုက် ဧပြီလ ၄ ရက်နေ့တွင် Mytel sim ကဒ်ဖြင့် အင်တာနက်လိုင်းများ ပြန်လည်ရရှိခဲ့ရာမှ ဧပြီလ ၁၈ ရက်နေ့ (ယမန်နေ့) ညတွင် ပြန်လည်ပြတ်တောက်သွားခြင်း ဖြစ်သည်ဟု ဖားကန့်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

“ဧပြီလ ၁၈ ရက်နေ့ ညကနေ ပြန်ပျက်သွားတာ ဟုတ်တယ်။ Mytel က ဧပြီလ ၄ ရက်နေ့မှာ အင်တာနက်လိုင်း ပြန်ဖွင့်ပေးတယ်။ အဲ့လိုဆိုစုစုပေါင်း ၁၅ ရက်ပြန်ဖွင့်ပေးတယ်ပေါ့။ အခုကျနော်တို့ ဒီဧပြီလ ၄ ရက်နေ့ ပြန်ဖွင့် တာက Mytel တစ်မျိုးတည်းပဲ ပြန်ဖွင့်တာ။ တခြား MPT၊ Ooredoo၊ Telenor အဲဒီ အော်ပရေတာတွေ မဖွင့် ပေးဘူး။ Mytel တခုပဲ ၁၅ ရက် ဖွင့်ပေးတာပေါ့နော်။ ဒါပေမယ့် မနေ့ညက ပြန်ပိတ်ပေးလိုက်ပြီ။ အဲလိုဟုတ် တယ် အခြေအနေက။”

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တဝိုက် ၇ လ ကျော် အင်တာနက် ဖြတ်တောက်ခံခဲ့ရပြီးနောက် မိုဘိုင်းဖုန်း စာ တိုများဖြင့် တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိဘဲ အင်တာနက်လိုင်း ရလိုက်၊ ပြတ်လိုက်ဖြစ်နေသည်ဟု အဆိုပါ ဖားကန့်ဒေသခံ အမျိုးသားက ဆက် ပြောသည်။

“Mytel က လိုင်း ဗြုန်းကနဲ ဖွင့်လိုက်တာ၊ သူပိတ်ချင်တဲ့အချိန် ဗြုန်းကနဲပြန်ပိတ်လိုက်တာ၊ တခြား ဘာမှ  မရှိဘူး။ အကြောင်းကြားတာတွေ ဘာတွေ ဘာမှမရှိဘူး။”

ဖားကန့်၊ ဆိုင်းတောင်၊ မမုံ၊ လုံးခင်း၊ မာဆာမှော်၊ ကုဋေမှော် တဝိုက် Mytel Sim ဖြင့် အင်တာနက်လိုင်း ပြန်လည် ရရှိချိန်တွင် Mytel Sim ကတ်တစ်ကတ်လျှင် ကျပ်တစ်သောင်းကျော်ဖြင့် ပြည်သူများ ဝယ်ယူသုံးစွဲခဲ့ကြသည်။

စျေးကြီးကြီးဖြင့် ဝယ်ယူသုံးစွဲခဲ့ရပြီးနောက် ယခုကဲ့သို့ အင်တာနက်လိုင်း ပြန်ဖြတ်တောက်ခံလိုက်ရခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

လုံးခင်း ဒေသခံလူငယ် အမျိုးသမီးတစ်ဦး က “တကယ်တမ်းကျတော့ Mytel ကဒ်က သိပ်ပြီးသုံးချင်တာ မဟုတ် ဘူးပေါ့နော်။ ဒါပေမယ့် တခြားကတ်တွေ လိုင်းမရတဲ့အခါကျတော့ မဖြစ်မနေဝယ်လိုက်ရတာပေါ့။ ဒါပေမယ့် အခုက ပြန်မရဘူးဆိုတော့ နည်းနည်းစိတ်ရှုပ်ရတာပေါ့” ဟု ပြောသည်။

ဖားကန့်မြို့နယ်နှင့် အနီးတဝိုက်အား စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့မှ စတင်၍ အင်တာနက်လိုင်းများအား ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...