မင်းပြားတွင် စက်လှေတစ်စီးနစ်မြုပ်မှုကြောင့် တစ်ဦးသေ၊ သုံးဦးပျောက်နေ

မင်းပြားတွင် စက်လှေတစ်စီးနစ်မြုပ်မှုကြောင့် တစ်ဦးသေ၊ သုံးဦးပျောက်နေ

မင်းပြားမြို့နယ်တွင် လူ ၁၅ ဦးတင်ဆောင်လာသည့် စက်လှေတစ်စီးသည် ယနေ့(ဧပြီလ ၁၅ ရက်)ညနေ ၄ နာရီခန့်က စွန်ရဲမြစ်တွင်တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

၄င်းတို့သည် မင်းပြားမြို့နယ်၊ ကြိုင်းရှီရွာမှ လည်ပတ်၍ ပြန်လာစဉ် စွန်ရဲမြစ်တွင်နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့နစ်မြုပ်မှုကြောင့် ၁၁ ဦးကို အသက်ရှင်လျက်ပြန်လည်ရှာတွေ့ခဲ့ကာ တစ်ဦးကိုမူ သေဆုံးလျက်ရှာဖွေတွေ့ခဲ့ပြီး သုံးဦးမှာ ပျောက်ဆုံးနေဆဲဟု ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းမှ သိရသည်။

"သူတို့ကတော့ စွန်ရဲနားတစ်ဖက်ကမ်းက ကြိုင်းရှီ ဆိုတဲ့ကျေးရွာကို သင်္ကြန်ကျဖို့သွားတာ။အဲဒီကအပြန် စက်လှေတစ်စီးနဲ့ လူ ၁၅ ယောက် စွန်ရဲမြစ်ကိုကူးတယ်။အဲဒါမှာမြုပ်သွားတာ၊ လိုင်းကတော့နည်းနည်းထတယ်။ဒါပေမဲ့ မောင်းတဲ့သူ သိပ်မကျွမ်းဘူးထင်တယ်"ဟု ယင်းအသင်းမှ ကိုကျော်ကျော်ခိုင်က ပြောသည်။

အသက်ရှင်လျက်ပြန်ရှာတွေ့သူများအနက် အသက် ၂၀ ခန့် အမျိုးသမီးတစ်ဦးမှာ သတိမရသေး၍ ဆေးရုံတင်ထားရကြောင်း ၄င်းကဆက်ပြောသည်။

လက်ရှိတွင် စက်လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူသုံးဦးအား စွန်ရဲ ဒေသခံများနှင့် ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းမှ ဆက်လက်ရှာဖွေရေးများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စက်လှေပေါ်မှလိုက်ပါလာသူ ၁၅ ဦးအနက် ၁၀ ဦးမှာ ပေါက်တောမြို့မှဖြစ်ပြီး ကျန် ၅ ဦးမှာ စွန်ရဲကျေးရွာမှဖြစ်သည်ဟု သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...