တောင်ကုတ်လူငယ်ကွန်ယက်ဥက္ကဋ္ဌကို စွပ်စွဲချက်မခိုင်လှုံ၍ ပြန်လွှတ်

တောင်ကုတ်လူငယ်ကွန်ယက်ဥက္ကဋ္ဌကို စွပ်စွဲချက်မခိုင်လှုံ၍ ပြန်လွှတ်

PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် တောင်ကုတ်လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးကို စွပ်စွဲချက်မခိုင်လှုံ၍ ယနေ့(ဧပြီလ ၁၈ ရက်တွင်)တရားရုံးမှ ပြန်လွှတ်ပေးလိုက်ကြောင်း ရှေ့နေထံမှသိရသည်။

"ကိုမင်းကိုဦးကို ဒီနေ့ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၂၅၈(၁)အရ အမှုအား မှားယွင်းမှုဟုဆိုကာ ပြန်လည်လွှတ်ပေးရန် အမိန့်ချမှတ်လိုက်တယ်"ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်က ပြောသည်။

ကိုမင်းကိုဦးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ၎င်း၏နေအိမ်မှဖမ်းဆီးခဲ့ပြီး တောင်ကုတ်မြို့နယ်ရဲစခန်းမှ ဒုရဲမှူးဇော်လတ်ကတရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိမှာ အမှုမှပြန်လွတ်လာသည့် ကိုမင်းကိုဦးအနေဖြင့် ယခင်လုပ်ကိုင်ခဲ့သည့် လူငယ်များတိုးတက်ရေးလုပ်ငန်းများကို ဆက်၍လုပ်ကိုင်သွားမည်ဟုပြောသည်။

"အရင်ကတည်းက လူမှုရေးလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်တယ်။ ဘယ်အဖွဲ့ကိုမှလဲ မထောက်ပံ့ဘူး။ နောက်လဲ အခုလိုလူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်တယ်"ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း PDF အဖွဲ့များမရှိသော်လည်း PDF နှင့်ဆက်စပ်သည် (သို့မဟုတ်) ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် တောင်ကုတ်၊ သံတွဲ၊ မြောက်ဦးမြို့နယ်များမှ ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိသည်။

ယင်းအထဲမှ PDF နှင့်ဆက်စပ်သည်ဟုဆိုကာ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ မင်းဒီပါကို ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။ အလားတူ သံတွဲမြို့နယ်မှ အမျိုးသမီး ၃ ဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...
စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...
August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...
ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...