BPLA ကို ညီနောင်မဟာမိတ် ၃ဖွဲ့ ဝန်းရံသွားမည်ဟုဆို

BPLA ကို ညီနောင်မဟာမိတ် ၃ဖွဲ့ ဝန်းရံသွားမည်ဟုဆို

ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော် AA/ တအောင်းပလောင် TNLA/ ကိုကန့် MNDAA တို့က တတ်နိုင်သရွေ့ပံ့ပိုးဝန်းရံသွားမည်ဖြစ်ကြောင်း ယနေ့ (ဧပြီ ၁၇ ရက်နေ့)တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယနေ့သည် BPLA ကို တည်ထောင်ခြင်း တနှစ်ပြည့်တပ်တော်နေ့ဖြစ်ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့က PBLAထံသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားခြင်းဖြစ်သည်။

ယနေ့သည် BPLA တည်ထောင်ခြင်း၏ တနှစ်ပြည့်နေ့ဖြစ်ပြီး BPLA ၏ နိုင်ငံရေးစစ်ရေး ရည်မှန်းချက်များ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ညီနောင် ၃ ဖွဲ့က ပံ့ပိုးသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အလားတူ စစ်အာဏာရှင်စနစ် ကျဆုံးပြီး ဗမာပြည်သူလူထု တရပ်လုံးအား ဖိနှိပ်ခံဘဝက လွတ်မြောက်ရေး လူမျိုးကြီးဝါဒ ချုပ်ငြိမ်းရေးနှင့် တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ပြည်ထောင်စုလူထု တရပ်လုံး၏ လွတ်လပ်မှုနှင့် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရေး စသည့်နိုင်ငံရေး ရည်မှန်းချက်များအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တူညီသောဘုံရည်မှန်းချက်ရှိသည့် ဗမာလူမျိုးကိုယ်စားပြုတော်လှန်ရေး အဖွဲ့အစည်းများပေါ်ပေါက်လာခဲ့ပြီး ထိုအထဲတွင် BPLA လည်း ပါဝင်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ဆိုသည်။

ယင်းကြောင့် BPLA သည် လက်ရှိတွင် ဗမာပြည်သူ လူထုအချို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ယုံကြည်မှုကို ရရှိထားပြီး အချိန်တိုတိုအတွင်း၌ စနစ်တကျတိုက်ပွဲဝင်နိုင်သည့် အရည်အချင်း၊ စစ်စည်းကမ်းကောင်းမွန်သော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့သည်ကို တွေ့ရကြောင်းနှင့် BPLA ၏ ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်တယောက်ချင်းစီ၏ ကြိုးပမ်းအားထုတ်မှုကို တန်ဖိုးထား အသိမှတ်ပြုကြောင်းလည်း ညီနောင်မဟာမိတ်တို့က ချီးကျူးထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...