ကလေးမြို့တွင် CDM ဆရာမ အပါအဝင် လူ လေးဦး ဖမ်းဆီးခံရ

ကလေးမြို့တွင် CDM ဆရာမ အပါအဝင် လူ လေးဦး ဖမ်းဆီးခံရ
ဧပြီလ ၄ ရက်နေ့၊ ၂၀၂၂ ကလေးမြို့ ဗိုလ်ချုပ်လမ်းမကို တွေ့မြင်ရစဥ်
ဧပြီလ ၄ ရက်နေ့၊ ၂၀၂၂ ကလေးမြို့ ဗိုလ်ချုပ်လမ်းမကို တွေ့မြင်ရစဥ်

စစ်ကောင်စီက ကာကွယ်ရေး တပ်ဖွဲ့များကို ထောက်ပံ့သည်ဟု စွပ်စွဲကာ စစ်ကိုင်းတိုင်း ကလေးမြို့တွင် လူထု အာဏီဖီဆန်ရေး လှုပ်ရှားမှု CDM တွင်ပါဝင်သော ကျောင်းဆရာမတစ်ဦး အပါအဝင် လူလေးဦး ကို ဖမ်းဆီးလိုက်သည်ဟု ၎င်းတို့မိသားစုများနှင့် နီးစပ်သူအချို့က ပြောသည်။

ကလေးမြို့ အောင်သစ္စာရပ်ကွက်တွင် နေထိုင်သည့် အမှတ် ၂ အလယ်တန်းပြ ဆရာမ ဒေါ်အေးနွဲ့၊ ဦးဖြိုးဝေအောင်၊ တာဟန်းရပ်ကွက်နေထိုင်သည့် ဦးစိုင်းလုံနှင့် တပ်ဦးသီတာရပ်ကွက်နေထိုင်သည့် ဒေါ်ဝုန် တို့  ဧပြီ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ဖမ်းဆီးခံခဲ့ ကြရခြင်း ဖြစ်သည်။

၎င်းတို့လေးဦးသည် နေအိမ်တွင် ရှိနေချိန် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ကလေး)-ဒစက (ကလေး) ကို ခေါ်ဆောင်သွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်က ကလေးမြို့က အဆိုပါ ဒေသခံ ၄ ဦးသည် PDF အဖွဲ့များကို ထောက်ပံ့မှုပေးနေသည် ဆိုသည့် စွပ်စွဲချက်အပြင် လှုမှုကွန်ယက်စာမျက်နှာတွင် CDM လှုပ်ရှားမှုတွင် ပါဝင်ကြရန် ရေးသားဖြန့်ဝေနေသည် ဆိုသည့် စွပ်စွဲချက်တို့ဖြင့် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ကလေးမြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ နှင့် ၁၇ရက်နေ့ တို့တွင်လည်း CDM လှုပ်ရှားမှုတွင် ပါဝင်ထား ကြသည့် အလယ်တန်းပြဆရာမ ဒေါ်အေးမွန်၊ မူလတန်းပြ ဆရာမ ဒေါ်အေးမင်းသန်း၊ အထက်တန်းပြ ကျောင်း ဆရာ ဦးမျိုးမင်းအောင်တို့ ဖမ်းဆီးခံရသည်ဟု ဒေသခံများက ပြောသည်။

ကလေးမြို့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီး နောက်မှ ယခု ၂၀၂၂ ခုနှစ် ဧပြီ  လ ၄ ရက်နေ့ အထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၄၂၃ ဦးရှိသည် ဟု ကလေးမြို့ပင်မ သပိတ် ဦးဆောင်သူများ၏ ပြုစုထားသည့် စာရင်းများအရ သိရသည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...