ခဲမိုင်း ပြိုကျ၊ ပြည်တွင်း ရွေ့ပြောင်း အလုပ်သမား ၅ ဦး သေဆုံး

ခဲမိုင်း ပြိုကျ၊ ပြည်တွင်း ရွေ့ပြောင်း အလုပ်သမား ၅ ဦး သေဆုံး

တနင်္သာရီမြို့နယ် အတွင်း ခဲမိုင်းအတွင်းပြိုကျပြီး အလုပ်သမား ၅ ဦး သေဆုံးသွား သည်ဟု ရွာသားများက ပြောသည်။

ဧပြီလ ၁ ရက်နေ့က ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် သဘော့လိပ်ကျေးရွာရှိ ခဲသတ္တုမိုင်းအတွင်း လုပ်ကွက်တွင်  မြေစာပုံပြိုကျခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ခဲမိုင်းတွင်း လုပ်သားတစ်ဦးက “မိုးများတော့ တောင်အခြေမှာ ပုံထားတဲ့မြေစာတွေ အိကျပြီး ပြိုကျတာ။ ရုတ် တရက် ဖြစ်တာဆိုတော့ ကယ်ဖို့အချိန်မရလိုက်ဘူး။ သေဆုံးသူတွေက အသက် ၂၅ ကနေ ၄၀ ဝန်းကျင် အရွယ် တွေ” ဟု ပြောသည်။

ဧပြီ ၁ ရက်နေ့၊ ညနေ ၃ နာရီ အချိန်ခန့်က ခဲမိုင်းတွင်း မြေစာပုံပြိုကျပြီး ခဲသတ္တုမိုင်း အလုပ်သမား၅ ဦး သေဆုံး ခဲ့ခြင်း ဖြစ်သည်။

ယခင်က မြေစာပြိုကျမှုများရှိခဲ့သော်လည်း ယခုကဲ့သို့ လူအစုလိုက်အပြုံလိုက် သေဆုံးသည့် ဖြစ်စဉ်မျိုး မရှိခဲ့ ဟု ဒေသခံရွာသားများနှင့် ခဲသတ္တုမိုင်းတွင်း လုပ်သားအချို့က ပြောသည်။

မြေစာပုံပြိုကျမှုကြောင့် သေဆုံးသွားသူများသည် အသက် ၂၅ နှစ်မှ ၄၀ နှစ်အတွင်းရှိ အမျိုးသားများဖြစ်ကြပြီး တနင်္သာရီဒေသခံများမဟုတ်ကြောင်း သဘော့လိပ် ရွာသားများက ပြောသည်။

မြေစာပုံပြိုကျမှုကြောင့် သေဆုံးခဲ့သူ အမျိုးသား ၅ ဦးသည် ပဲခူးတိုင်း ရွှေကျင်မြို့နယ်ဘက်မှ သဘော့လိပ် ခဲမိုင်းတွင် လာရောက် အလုပ် လုပ်ကိုင်နေသူများဖြစ်သည်ဟု သိရသည်။

တနင်္သာရီမြို့နယ်ထဲတွင် ကြိမ်ချောင်းခဲမိုင်းနှင့် သဘော့လိပ်ခဲမိုင်းဟူ၍ ခဲမိုင်းတွင်း ၂ တွင်း ရှိသည်ဟု ဒေသခံများ က ပြောသည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...
စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...
August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...
ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...