ဇလွန်တွင် ဘဏ်နှင့် Mytel တာဝါတို့၌ ၂ ရက်ဆက်တိုက် ဗုံးကွဲ

ဇလွန်တွင် ဘဏ်နှင့် Mytel တာဝါတို့၌ ၂ ရက်ဆက်တိုက် ဗုံးကွဲ

ဧရာဝတီတိုင်း၊ ဇလွန်မြို့တွင် ဧပြီလကုန်ရက်များတွင် ၂ ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ဇလွန်မြို့နယ်တွင် မတ်လ ၂၈ ရက်နေ့ နှင့် မတ်လ၂၉ ရက်နေ့တို့က ၂ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။

ပေါက်ကွဲမှု တစ်ခုသည် ဇလွန်မြို့နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်တွင် မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့ပြီး မတ်လ ၂၉ ရက်နေ့တွင် ဇလွန်မြို့နယ် ကျုံမငေး ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာရှိ မိုင်တဲတာဝါတိုင်နေရာတို့ တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့် ဇလွန်မြို့နယ်ရဲတပ်ဖွဲ့ နှင့် နီးစပ်သူများထံမှ သိရသည်။

မြို့ခံကိုဝင်းသိန်းက “ဗုံးတွေလည်း နှစ်ရက်ဆက်တိုက် ပေါက်ပြီးရော မြို့မှာရော ရွာဘက်မှာရော ပိုက်စိပ်တိုက် စစ်နေတယ်” ဟု ပြောသည်။

အဆိုပါပေါက်ကွဲမှု ၂ ခုနှင့် ပက်သက်၍ ဧရာဝတီ ဒေသခံ ကာကွယ်ရေးအဖွဲ့ (ILDF) နှင့် ဇလွန်မြို့နယ် PDF တို့က ၎င်းတို့ နှစ်ဖွဲ့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဇလွန်မြို့နယ်ရှိ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က ပြည်သူများ ငွေကြေးကျပ်တည်းနေချိန်တွင် ချေးငွေများ အတင်းအကြပ်ပြန်ဆပ်ခိုင်းနေသောကြောင့် သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံချက်တွင်ပါရှိသည်။

“သတိပေးတာကို အလေးမထား ဂရုမစိုက်ဘဲ ဆက်လုပ်ရင် ပိုပြင်းထန်တဲ့ ရလာဒ်ကို ရမယ်” ဟု ILDF ၏ သတင်းနှင့် ပြန်ကြားတာဝန်ခံက ပြောသည်။

ပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် ဇလွန်မြို့ စစ်ကောင်စီတပ်က ဒလန်များ၏ မမှန်သတင်းပေးမှုကြောင့် ဒေသခံ များအား အကြောင်းမဲ့ ထင်ရာစိုင်းဖမ်းဆီးမည်ကို စိုးရိမ်နေသည်ဟု ဒေသခံများက ပြောသည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...