သိမ်ဇရပ်မြို့ ရန်ကုန်-မော်လမြိုင်ကားလမ်းမရှိ မုပ္ပလင်လမ်းဆုံတွင်တိုက်ပွဲဖြစ်ပွားပြီး ဒေသခံအချို့ထိခိုက်

သိမ်ဇရပ်မြို့ ရန်ကုန်-မော်လမြိုင်ကားလမ်းမရှိ မုပ္ပလင်လမ်းဆုံတွင်တိုက်ပွဲဖြစ်ပွားပြီး ဒေသခံအချို့ထိခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ် မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် ယနေ့(မတ် ၃၁)နံနက် ၅ နာရီခွဲအချိန်ကတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

KNU တပ်မဟာ(၁) KNLAပူးပေါင်းအဖွဲ့မှ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်စခန်းသို့ ဝင်ရောက်ဝင်ပစ်ခတ်စဉ် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ရာမှတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိမ်ဇရပ်မြို့ဒေသခံတစ်ဦးမှ DMG ကိုပြောသည်။

“ဒီကနေ့မနက်အစောကြီးပဲ မုပ္ပလင်စစ်ဆေးရေးဂိတ်မှာ ပစ်ခတ်သံတွေကြားရတယ်။ ကေအန်ယူနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေလာပစ်တယ်လို့သိရတယ်။ နောက်တော့ တိုက်ပွဲပုံစံဖြစ်ကုန်တယ်”ဟု ၎င်းမှပြောသည်။

ထိုတိုက်ပွဲအတွင်း စစ်တပ်နှင့်ရဲအဖွဲ့ဝင် ၈ ဦးကျဆုံးခဲ့ကာ KNLA ပူးပေါင်းအဖွဲ့မှ တစ်ဦးကျဆုံးခဲ့ကြောင်း KNLA ပူးပေါင်းအဖွဲ့ထံမှ သိရသည်။ မုပ္ပလင်စစ်ဆေးရေးဂိတ်စခန်းကို မြန်မာစစ်တပ်မှ အင်အားဖြည့်တင်း ခဲ့သည့်အပြင် လက်နက်ကြီးဖြင့် အချက်ရေ ၂၀ ကျော်ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံနှစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း KNLA ပူးပေါင်းအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“စစ်ဆေးရေးဂိတ်ကို ဒီနေ့မနက် ၅ နာရီခွဲမှာ ဝင်ပြီးတိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျဆုံးရှိလာတော့ လက်နက်ကြီးနဲ့အချက် ၂၀ ကျော်ပစ်ခတ်ခဲ့တယ်။ ဒေသခံနှစ်ဦးလည်း ထိခိုက်သေဆုံးခဲ့ပါတယ်”ဟု ၎င်းမှဆိုသည်။

မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်တွင် တိုက်ပွဲဖြစ်ပွားမှုအပါအဝင် ဒေသခံများ ထိခိုက်သေဆုံးမှု အခြေအနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ လက်ရှိအချိန်ထိ တစုံတရာထုတ်ပြန်ပြောဆိုခြင်း မရှိသေးချေ။

ပြီးခဲ့သည့်မတ်လ ၂၉ ရက်နေ့ကလည်း ဘီလင်းနှင့် သထုံမြို့နယ်ကြား၌ KNLA ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ ဒေသခံကလေးငယ်နှစ်ဦး ကျည်ထိမှန် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...