NCA-S EAO အဖွဲ့များ၏ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယပိုင်း) စတင်

NCA-S EAO အဖွဲ့များ၏ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယပိုင်း) စတင်

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေး ထိုးထားသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း) ကို ထိုင်း နိုင်ငံတွင် မတ်လ ၂၉ ရက်(ယနေ့) တွင် စတင်ကျင်းပနေသည်။

စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း) ကို မျက်နှာချင်းဆိုင်နှင့် Video Conferencing နည်းနှစ်မျိုးဖြင့် ကျင်းပလျက်ရှိပြီး ညီလာခံကို လာမည့် ဧပြီလ (၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည် NCA-S EAO က ဆိုသည်။

ညီလာခံကျင်းပသည့် ပထမနေ့တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် RCSS ဥက္ကဋ္ဌ   ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က ညီလာခံဖွင့်ပွဲ အခမ်းအနား အဖွင့်အမှာစကားများအား အသီးသီး ပြောကြားခဲ့ကြပြီး  မွန်ပြည်သစ် ပါတီဥက္ကဋ္ဌ နိုင်ဟံသာက ညီလာခံ ဖွင့်ပွဲအခမ်းအနား၏ နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့သည်ဟု သိရသည်။

ယနေ့ စတင်ကျင်းပနေသည့် NCA-S EAO အဖွဲ့များ၏ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယ ပိုင်း) ကို NCA အပစ်ရပ်ထားသည့် အဖွဲ့များအပြင်  မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး Mr. Francois Lafreniere ၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး Mr. Pekka  Shemeikka၊  မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ နိုင်ငံသံအမတ်ကြီး Ms. Hilde Solbakken ၊ ဩစတြေးလျနိုင်ငံမှ သံတမန်ဖြစ်သူ Mr. Bryan Bong၊ အီတလီနိုင်ငံမှ Deputy Head of Mission ဖြစ်သူ Mr. Andrea Ferrara ၊ ဆွစ်ဇာလန်နိုင်ငံမှ လူသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် Mr. Thomas Meier Nidecker၊ USAID မှ ယာယီဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Pamela Fessenden တို့ ပါဝင်တက်ရောက်ခဲ့သည်ဟု NCA - S EAO ၏ ထုတ်ပြန်ချက်အရသိရသည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...