စစ်တောင်းမြို့ ခဝါချောင်းတံတား မိုင်းခွဲခံရမှုကြောင့် ဒေသခံများသွားလာရေးခက်ခဲနေ

စစ်တောင်းမြို့ ခဝါချောင်းတံတား မိုင်းခွဲခံရမှုကြောင့် ဒေသခံများသွားလာရေးခက်ခဲနေ
မတ်လ ၂၁ ရက်နေ့က မိုင်းခွဲခံရသည့် စစ်တောင်းမြို့၊ ခဝါချောင်းတံတားအားတွေ့ရစဉ်။
မတ်လ ၂၁ ရက်နေ့က မိုင်းခွဲခံရသည့် စစ်တောင်းမြို့၊ ခဝါချောင်းတံတားအားတွေ့ရစဉ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စစ်တောင်းမြို့ရှိ ခဝါချောင်းတံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် သွားလာရေးခက်ခဲမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။

စစ်တောင်းမြို့နှင့် ကျိုက်ထိုမြို့သို့သွားလာရန်အတွက် ကျေးရွာသားများမှ ကိုယ်ထူကိုယ်ထတည်ဆောက်ထားသော အဆိုပါတံတားမှာ ပြီးခဲ့သည်အပတ်ကမိုင်းခွဲခံရကာ လက်ရှိအချိန်ထိ သွားလာရေးခက်ခဲနေကြောင်း စစ်တောင်းမြို့ခံတစ်ဦးမှ DMG ကိုပြောသည်။

"တံတားက စစ်တောင်းကနေ ကျိုက်ထိုမြို့ဘက်ကိုသွားတဲ့ ကျေးရွာလမ်းမှာ ကိုယ်ထူကိုယ်ထဆောက်ထားတာပါ။ တံတားကို မိုင်းခွဲခံရတာတစ်ပတ်ရှိပြီ။ ဘာအကြောင်းနဲ့ဖောက်ခွဲခံရလဲဆိုတာတော့ မသိရဘူး။ သွားဖို့လာဖို့ဘယ်လိုမှအဆင်မပြေဖြစ်နေပါတယ်"ဟု ၄င်းမှပြောသည်။

ခဝါချောင်းတံတားကို ပြီးခဲ့သည့်မတ်လ ၂၁ ရက် နေ့လည် ၁ နာရီတွင်မိုင်းခွဲခံခဲ့ရပြီး တံတားဦးပိုင်းမှာ လုံးဝပြိုကျသွားခဲ့သည်။

ထိုသို့တံတားမိုင်းခွဲဖျက်ဆီးခံရမှုနှင့်ပက်သက်ပြီး မည်သည့်အဖွဲ့မှပြုလုပ်ခဲ့ကြောင်း လက်ရှိအချိန်အထိ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

လက်ရှိမှာ တံတားကို ပြန်လည်ပြင်ဆင်ရန် ဒေသခံများမှကြိုးပမ်းနေပြီး အချိန်ကာလကြာမြင့်နိုင်ကြောင်း ကျိုက်ထိုမြို့ခံတစ်ဦးမှဆိုသည်။

"တံတားကိုပြန်ပြီးပြင်ဖို့တော့ ကြိုးပမ်းနေတယ်။ ကျေးလက်အဖွဲ့ကို အကြောင်းအကြားထားတာတော့ရှိပါတယ်။ အချိန်ကာလကတော့ တော်တော်လေးကိုကြာနိုင်မယ်ထင်တယ်။ ဘယ်လောက်လဲဆိုတာ ပြောမတတ်သေးဘူးဖြစ်နေတယ်"ဟု ၄င်းမှဆိုသည်။

ကျိုက်ထိုမြို့နယ်အနီးတဝိုက်နှင့် စစ်တောင်းမြို့အနီးအနားကျေးရွာတို့၌ KNU တပ်မဟာ(၁) KNLA ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံနှစ်ထောင်ကျော်ခန့်မှာ လက်ရှိအချိန်အထိ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရဆဲဖြစ်သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...