မြစ်ကြီးနားတွင် သံတိုသံစနှင့် ဘီယာဗူးခွံဝယ်သည့်အမျိုးသမီးတစ်ဦးဓားထိုးခံရ၍သေဆုံး

မြစ်ကြီးနားတွင် သံတိုသံစနှင့် ဘီယာဗူးခွံဝယ်သည့်အမျိုးသမီးတစ်ဦးဓားထိုးခံရ၍သေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနးမြို့တွင်သံတိုသံစနှင့် ဘီယာဗူးခွံလိုက်ဝယ်သည့် အမျိုးသမီးတစ်ဦး ယနေ့ မတ်လ ၂၄ရက် ၁၂နာရီဝန်းကျင်တွင် ဓားထိုးလုယက်ခံရ၍ သေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဥ်မှာ ရမ်ပူရပ်ကွက် ဗန်ဒါရိပ် လမ်းကြားတွင် သံတိုသံစနှင့် ဘီးယာဗူးခွံလိုက်ဝယ်နေသည့်အမျိုးသမီးကို ပိုက်ဆံတောင်းရာတွင် မပေးသည့်အတွက် အမျိုးသမီးမှာ ဓားထိုးခံရသည့်ဒဏ်ရာများဖြင့်ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်းသိရသည်။

''သံတိုသံစဗူးခွံတွေအရောင်းအဝယ်လုပ်တဲ့အမျိုးသမီးကြီး တစ်ဦးပေါ့ဗျာ။ သူ့ဆီကပိုက်ဆံတောင်းတာမရှိဘူးပြောလို့ဓားနဲ့ထိုးပြီးထွက်ပြေးသွားတယ်လို့သိရတယ်။ ဓားထိုးသွားတာ ကတော့တစ်ယောက်လား နှစ်ယောက်လားမသိဘူး။ ဗိုက်ကိုဓားနဲ့ထိုးတာ အူတောင်ထွက်တယ်''ဟု ယင်းအမျိုးသမီးကိုဆေးရုံပို့ပေးခဲ့သည့် ဧရာဝတီဂရုဏာ(အခမဲ့)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူကပြောသည်။

ဓားထိုးခံရ၍သေဆုံးသွားသည့်အမျိုးသမီးမှာ အသက် ၅၀ ကျော်အရွယ်ရှိဒေါ်ချိုဆိုသူဖြစ်ပြီး မည်သည့်ရပ်ကွက်တွင် နေထိုင်သည့်အမျိုးသမီးဖြစ်ကြောင်းကိုအသေးစိတ်မသိရကြောင်းသိရသည်။

မြစ်ကြီးနားမြို့တွင်းတွင် ၂၀၂၁ ခုနှစ်မှစတင်ပြီး ဓားထိုးလုယက်ခံရမှု နှင့်နေအိမ်ဖောက်ထွင်းခံရမှု ဆိုင်ကယ်ခိုးခံရမှုဖြစ်စဥ်မျိုးယခင်နှစ်များကထက်ပိုမိုဖြစ်ပွားနေကြောင်းသိရသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...