မြစ်ကြီးနားတွင် သံတိုသံစနှင့် ဘီယာဗူးခွံဝယ်သည့်အမျိုးသမီးတစ်ဦးဓားထိုးခံရ၍သေဆုံး

မြစ်ကြီးနားတွင် သံတိုသံစနှင့် ဘီယာဗူးခွံဝယ်သည့်အမျိုးသမီးတစ်ဦးဓားထိုးခံရ၍သေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနးမြို့တွင်သံတိုသံစနှင့် ဘီယာဗူးခွံလိုက်ဝယ်သည့် အမျိုးသမီးတစ်ဦး ယနေ့ မတ်လ ၂၄ရက် ၁၂နာရီဝန်းကျင်တွင် ဓားထိုးလုယက်ခံရ၍ သေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဥ်မှာ ရမ်ပူရပ်ကွက် ဗန်ဒါရိပ် လမ်းကြားတွင် သံတိုသံစနှင့် ဘီးယာဗူးခွံလိုက်ဝယ်နေသည့်အမျိုးသမီးကို ပိုက်ဆံတောင်းရာတွင် မပေးသည့်အတွက် အမျိုးသမီးမှာ ဓားထိုးခံရသည့်ဒဏ်ရာများဖြင့်ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်းသိရသည်။

''သံတိုသံစဗူးခွံတွေအရောင်းအဝယ်လုပ်တဲ့အမျိုးသမီးကြီး တစ်ဦးပေါ့ဗျာ။ သူ့ဆီကပိုက်ဆံတောင်းတာမရှိဘူးပြောလို့ဓားနဲ့ထိုးပြီးထွက်ပြေးသွားတယ်လို့သိရတယ်။ ဓားထိုးသွားတာ ကတော့တစ်ယောက်လား နှစ်ယောက်လားမသိဘူး။ ဗိုက်ကိုဓားနဲ့ထိုးတာ အူတောင်ထွက်တယ်''ဟု ယင်းအမျိုးသမီးကိုဆေးရုံပို့ပေးခဲ့သည့် ဧရာဝတီဂရုဏာ(အခမဲ့)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူကပြောသည်။

ဓားထိုးခံရ၍သေဆုံးသွားသည့်အမျိုးသမီးမှာ အသက် ၅၀ ကျော်အရွယ်ရှိဒေါ်ချိုဆိုသူဖြစ်ပြီး မည်သည့်ရပ်ကွက်တွင် နေထိုင်သည့်အမျိုးသမီးဖြစ်ကြောင်းကိုအသေးစိတ်မသိရကြောင်းသိရသည်။

မြစ်ကြီးနားမြို့တွင်းတွင် ၂၀၂၁ ခုနှစ်မှစတင်ပြီး ဓားထိုးလုယက်ခံရမှု နှင့်နေအိမ်ဖောက်ထွင်းခံရမှု ဆိုင်ကယ်ခိုးခံရမှုဖြစ်စဥ်မျိုးယခင်နှစ်များကထက်ပိုမိုဖြစ်ပွားနေကြောင်းသိရသည်။

Most read this week

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...