မြစ်ကြီးနားတွင် သင်္ကြန်ပွဲတော် အကြီးအကျယ် ပြုလုပ်ရန် စစ်ကောင်စီပြင်ဆင်နေ

မြစ်ကြီးနားတွင် သင်္ကြန်ပွဲတော် အကြီးအကျယ် ပြုလုပ်ရန် စစ်ကောင်စီပြင်ဆင်နေ

လာမယ့် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင်လည်း စည်ကားစွာပြုလုပ်ရန် စစ်ကောင်စီက ယခုလအတွင်း ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွန်ချက်ဖြင့် မြစ်ကြီးနားမြို့တွင် ယခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်နှစ်ခုနှင့် လမ်းလျှောက်သင်္ကြန်များဖြင့် ပြုလုပ်ရန်ပြင်ဆင်နေပြီဟု ခိုင်လုံသည့်သတင်းရင်းမြစ်တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

''သူတို့ဌာနဆိုင်ရာတွေ ဟိုနေ့က အစည်း အဝေးလုပ်ပြီးဆုံးဖြတ်ကြတယ်လို့သိရတယ်။ မြို့တော်ခန်းမရှေ့နှင့် စုပေါင်းရုံးလမ်းကြမှာ ဗဟိုမဏ္ဍပ်ပြုမယ်။ ပြီးတော့လမ်းလျှောက်သင်္ကြန်လုပ်မယ်လို့သိရတယ်''ဟုပြောဆိုသည်။

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုများမကြာခဏဖြစ်ပွားလျက်ရှိနေပြီး ယခုကဲ့သို့နိုင်ငံရေးမတည်မငြိမ်ဖြစ်ပွားသည့်အချိန်တွင် စည်စည်ကားကား ပြုလုပ်ရန်မပြင်ဆင်သင့်ကြောင်း မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်နေအမျိုးသားတစ်ဦးကယခုလိုပြောဆိုသည်။

''မြစ်ကြီးနားမှာက ခုတလောတောင်နေ့ ည ဗုံးတွေဆက်တိုက်ကွဲနေတာ။ ဒီလိုမတည်မငြိမ်ဖြစ်နေတဲ့ချိန်တော့ ခုလိုသင်္ကြန်ပွဲတွေ စည်စည်ကားကားမလုပ်သင့်ဘူး လို့ပဲပြောချင်တယ်။ ကိုယ့်အိမ်ထဲတောင်ကိုယ် လုံခြုံတယ်လို့ပြောလိုမရဘူးလေ။ အခြေနေက ပြီးတော့ကိုဗစ်ဆိုလည်းနေ့တိုင်းလိုပိုးတွေ့နေတုန်း လေ။ အဲ့ကြောင့် မလုပ်သင့်ဘူးလို့ပဲပြောချင်ပါတယ်''ဟုပြေဆိုသည်။

လမ်းလျှောက်သင်္ကြန်ကို ''ပြည်သူ့ရင်ပြင်'' အတွင်းနှင့်အပြင်ဘက်တွင်ပြုလုပ်ဖို့ပြင်ဆင်နေကြောင်းသိရပြီး ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်နေရာတွင် လုံခြုံရေးအများအပြားတင်းကြပ်ထားဖို့ရှိကြောင်းသိရသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...