မြန်မာဘက်မှ တရုတ်ဘက်သို့ တင်ပို့သည့်ကုန်အချို့ယာယီရပ်နားမည်

မြန်မာဘက်မှ တရုတ်ဘက်သို့ တင်ပို့သည့်ကုန်အချို့ယာယီရပ်နားမည်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံဘက်သို့ တင်ပို့နေသည့် ကုန်အချို့ကို ယနေ့ မတ်လ ၁၆ရက်ကနေစပြီး ယာယီရပ်နားမှာ ဖြစ်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်များထံမှ သိရသည်။

"နယ်စပ်ကုန်သွယ်ဂိတ် ကျင်းစန်ကျော့ဂိတ်မှ ဆန်၊ ဆန်ကွဲ၊ ငရုတ်စိမ်း၊ အအေးခန်းစနစ်ဖြင့် သယ်ယူရမည့်ကုန်စည်၊ အေးခဲလတ်ဆတ်ကုန်၊ အေးခဲကုန်၊ ရေထွက်ကုန်၊ Daily သုံးကုန်ပစ္စည်းနှင့် ထုပ်ပိုးလွယ်ကူတဲ့ စားသောက်ကုန် တွေကို ယာယီ ရပ်နား တာတရုတ်ဘက် ဝင်ခွင့်ပိတ်ထားတယ်" လို့ နယ်စပ် ကုန်သည် တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က ရွှေလီမြို့ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး Task Force မှ  ကိုဗစ် ၁၉ ကာကွယ်တားဆီးနိုင်ရန်ဆိုကာ  ကုန်စည် တချို့တင်သွင်းမှယာယီ ရပ်နားထားခြင်းဆိုင်ရာ ကြေညာချက် ၂ စောင်ထုတ်ပြန်ပြီး မြန်မာဘက်က တာဝန်ရှိသူတွေထံ အသိပေးအကြောင်းကြား လာသည့်အတွက် ရပ်နားရခြင်း‌ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ် ဖွင့်ထားသော်လည်း တရုတ်နိုင်ငံဘက်မှ မကြာခဏ ပေါ်လစီသတ်မှတ်ချက် အပြောင်းအလဲကြောင့် တင်ပို့၊ တင်သွင်းလို့ ခက်ခဲနေကြောင်း ဝမ်တိန်ရောက် မြန်မာ ကုန်ဂိတ်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ထို့ကြောင့် ကျင်စန်းကျော့ - ဝမ်တိန် နှစ်နိုင်ငံ ကုန်ဖလှယ်ရာနယ်စပ်ဂိတ် အခြေအနေက ပုံမှန်အခြေအနေသို့ မရောက်သေးသည့်အတွက် ပို့ကုန်၊ သွင်းကုန် အဝင်၊ အထွက် ကလည်း ထင်သလောက် မဟုတ်သေးတာကြောင့် ကျင်းစန်းကျော့ဂိတ်ကနေ ကုန်သွယ်ရေးလုပ်ငန်းနှင့် ဆက်စပ်ပြီး လုပ်ငန်းလုပ်ကိုင်နေသူတွေ ချင့်ချိန်လုပ်ကိုင်သင့်ကြောင်းလည်း လုပ်ငန်းရှင် အချို့ကအကြံပြုထားသည်။

လက်ရှိ တရုတ်နိုင်ငံ ရွှေလီမြို့ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး Task Force မှ ပေးပို့လာသည့်ထုတ်ပြန်ချက်တွင် ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်မှုကို သိပွံနည်းကျကျ တားဆီး ကာကွယ်ရန် တရုတ်တနိုင်ငံ FDA ဥပဒေ၊ စားသောက် ကုန် တင်သွင်း၊ တင်ပို့ခြင်း ဥပဒေ နဲ့ ကျင်စန်းကျော့ - ဝမ်တိန် (မန့်မန်း) ဂိတ်ပေါက် ကုန်စည် သယ်ပို့မှု ပြန်လည်ဖွင့်လှစ်ရေး Working Group ရဲ့ အစီအစဥ် ယာယီ သတ်မှတ်ချက်အရ မြန်မာဘက်မှကုန်စည် အချို့ တင်ပို့ခွင့် ယာယီရပ်ဆိုင်းဖို့ အသိပေးထား‌သည်။

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...