စစ်တွေပွိုင့်ကမ်းခြေတွင် ရခိုင်ရိုးရာသျှစ်သောင်းမြောက်ပွဲ(သဲပုံစေတီပွဲ)ကျင်းပ

စစ်တွေပွိုင့်ကမ်းခြေတွင် ရခိုင်ရိုးရာသျှစ်သောင်းမြောက်ပွဲ(သဲပုံစေတီပွဲ)ကျင်းပ

ယနေ့တပေါင်းလပြည့်(မတ်လ ၁၆ ရက်) နေ့လည် (၁)နာရီတွင် စစ်တွေမြို့ပွိုင့်ကမ်းခြေ၌ ရခိုင်ရိုးရာ သျှစ်သောင်းမြောက်ပွဲ(သဲပုံစေတီပွဲ)ကို သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

အဆိုပါပွဲတော်တွင် သဲများဖြင့်ဘုရား၊ပုထိုးစေတီများပြုလုပ်ကာ ပူဇော်ကြခြင်းဖြစ်သည်။ ယင်းပွဲကို ကျင်းပရခြင်းမှာ ရခိုင်ယဉ်ကျေးမှုသမိုင်းများကို လူငယ်များ လက်ဆင့်ကမ်းထိန်းသိမ်းစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇံမောင်က ပြောသည်။

“သဲပုံစေတီပွဲဖြစ်ပေါ်လာတာက ဗုဒ္ဓ၏လမ်းညွှန်မှုအရ မင်းစဉ်မင်းဆက်ကတည်းကပင်လုပ်လာကြတာကိုး၊ အခုမှ လုပ်ကြတာမဟုတ်ဘူးလေ၊ ဘုရင်မင်းအဆက်ဆက်ကပင် ပင်လယ်ကမ်းခြေ သဲသောင်တွေမှာ ဖြစ်ပျက်သဘာဝ၊ အနိစ္စသဘာဝတရားအနေနဲ့ သဲပုံစေတီကို ပင်လယ်ကမ်းနားမှာတည်တယ်၊ ဒီရေတက်လာတဲ့အခါ မျှောပါသွားတယ်၊ ပျက်စီးသွားတယ် အဲလိုသဘောမျိုး။ ဒါက သမိုင်းနဲ့ဆိုင်ပြီး လုပ်လာတာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

သျှစ်သောင်းမြောက်(သဲပုံစေတီ)ပွဲတော်အား ရခိုင်မင်္ဂလာစည်တော်တီးဖွင့်လှစ်မည်ဖြစ်ကာ ဆီမီး၊ ပန်း၊ ကုက္ကား၊ တံခွန်များကို သဲသောင်ပြင်ပေါ်တွင် ဝန်းရံစိုက်ထူလျက် ရခိုင်တို့၏ ရှေးဟောင်းအငွေ့အသက်ပါသော ဘုရား၊ စေတီ၊ပုထိုးများကို သဲဖြင့်ပုံဖော်ခဲ့သည်။

သျှစ်သောင်းမြောက်ပွဲ(သဲပုံစေတီပွဲ)သည် ရခိုင်တစ်မျိူးသားလုံးနှင့် သက်ဆိုင်သည့်အတွက်ကြောင့် ရခိုင်ပြည်မှာရှိသည့် အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသင့်ကြောင်းလည်း ဦးကျော်ဇံမောင်က တိုက်တွန်းသည်။

“အဓိကတော့ သဲပုံစေတီပွဲဟာ ရခိုင်တစ်မျိုးသားလုံးနဲ့ ဆိုင်ပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်မှာရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကလည်း အခုလိုပွဲမျိုးကို မဖြစ်ဖြစ်အောင် ဝိုင်ဝန်းပြီး ကြိုးစားဆောင်ရွက်ပေးသင့်တယ်လို့ ကျနော့်အနေနဲ့မြင်တယ်”ဟု ၎င်းကဆိုသည်။

သျှစ်သောင်းမြောက်ပွဲတော်ကို စစ်တွေပွိုင့်ကမ်းခြေတွင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်သောကြောင့် ဝမ်းသာပျော်ရွှင်ရသော်လည်း လူစည်းကားသဖြင့် ဆိုင်ကယ်၊ ကားများရှုပ်ထွေးမှုများရှိသောကြောင့် အဝင်၊အထွက်လမ်းများကို စနစ်တကျစီစဉ်သင့်ကြောင်း စစ်တွေဒေသခံ ကိုဇော်မင်းဌေးက အကြံပြုသည်။

“အခုလို နှစ်စဉ်ကျင်းပနိုင်တာဝမ်းသာတယ်၊ ပျော်ရွှင်တယ်၊ ဒါပေမယ့် လမ်းကကျပ်တည်းပြီး ကားရော၊ လူရော၊ ဆိုင်ကယ်ရော ရှုပ်နေတယ်။  ကျနော့်အနေနဲ့တော့ အသွားတစ်လမ်း အလာတစ်လမ်းပေါ့။ လူတွေက ပလက်ဖောင်းပေါ်တက်သွားပေါ့၊ အဲလိုဆိုအဆင်ပြေမယ်”ဟု ၎င်းကဆိုသည်။

သျှစ်သောင်းမြောက်ပွဲတော်ကို ရှေးရခိုင်ဘုရင်များလက်ထက်ကပင် ကျင်းပခဲ့ကြပြီး ရိုးရာစဉ်လာမပျက်အောင် လက်ရှိအချိန်ထိ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြခြင်းဖြစ်ကာ စစ်တွေဒေသခံများ၊ မိသားစုအလိုက်၊ သူငယ်ချင်းများနှင့် ကျောင်းသား၊ကျောင်းသူများ၊ အနယ်နယ်အရပ်ရပ်မှဒေသခံများ သျှစ်သောင်းမြောက် ပွဲတော်ကို လာရောက်ကြသည်။

Most read this week

(CINCDS) မတ်လ ၁၃ ရက်နေ့က တွေ့ရသည့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်များ
August 5, 2026
ရခိုင်ပြည်နှင့် နယ်စပ်ဒေသ မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများပြားနေသည့် စစ်တပ်သည် ရခိုင်ဒေသဘက်...
August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...
စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...
August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...