ယောကျာ်းလေးသူငယ်ချင်းအဖွဲ့မှ ကားဝယ်မည်ဟုမျှားခေါပြီး အဓ္ဓမကျင့်သတ်ဖြတ်မူဖြစ်ပွား

ယောကျာ်းလေးသူငယ်ချင်းအဖွဲ့မှ ကားဝယ်မည်ဟုမျှားခေါပြီး အဓ္ဓမကျင့်သတ်ဖြတ်မူဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှ အွန်လိုင်း ကားအရောင်းအဝယ်လုပ်နေတဲ့ အသက် ၂၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးအား သူငယ်ချင်းများမှ  ကားပြပေးရန် မျှားခေါပြီး အဓ္ဓမကျင့်သတ်ဖြတ်မူဖြစ်ပွားခဲ့ကြောင်း  မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောသည်။

နီးစပ်သူများ၏ ပြောပြချက်အရ သတ်ခံရသည့် အမျိုးသမီးသည် အလောင်းရှာတွေ့ချိန် အတွင်းခံဝတ်ထားခြင်းမရှိသည့်အပြင် အဓ္ဓမပြုကျင့်ခံရထားခြင်းဖြစ်ပြီး ပါးစပ်တွင်တိတ်နဲ့ပတ်ထားကာ လက်ကြိုးချည်ထားကြောင်း သိရသည်။

"အလောင်းကတော့ သချိုင်းကုန်းထဲသွားပစ်ထားတာလေ မနေ့ကတွေ့တာ  ပါးစပ်ကိုလည်း တိတ်ပိတ်ပြီး ပစ်ချထားတာ " လို့ မိသားစုနဲ့နီးစပ်သူက ပြောသည်။

အဓ္မကျင့်သတ်ဖြတ်ခံရသည့် အမျိုးသမီးသည် အွန်လိုင်းအလုပ်လုပ်ပြီး သွားလာနေကျမို့ သူငယ်ချင်းအိမ်များထံ အလည်သွားအိပ်သည်ဟု မိသားစုများယူဆခဲ့ကြသော်လည်း မတ်လ ၁၃ ရက်‌နေ့ နေ့လည် ၁၁ ရီ ဝန်းကျင်က ဒေသခံတစ်ဦးမှ သေဆုံးနေသည့် အမျိုးသမီးတစ်ဦးအလောင်းတွေ့ရှိထားကြောင်း ဖုန်းဆက်အကြောင်းကြားရာမှသွားရောက်ကြည့်ခဲ့ရာ သေဆုံးသူသည် ၎င်းတို့၏သမီး ဖြစ်နေကြောင်းသိခဲ့ရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

CCTV မှတ်တမ်းအရ မတ်လ ၁၃ ရက် ညနေ ၆ နာရီဝန်းကျင် သတ်ခံရသည့်အမျိုးသမီး၏ ကားသည် တိုးဂိတ်မှဖြတ်ကျော် ကွတ်ခိုင်ဘက်သို့ ထွက်သွားသည့် မှတ်တမ်းတွေ့ရပြီး ပြန်ဝင်လာသည့် မှတ်တမ်းတော့ မရှိဘူးလို့ ဆိုသည်။

အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြစ်မူကျူးလွန်သူများလည်း မူဆယ်ရဲစခန်းတွင် ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့မှာတော့ လောင်းကစားဝိုင်းတွေ အများအပြားရှိနေပြီး ခိုးမှု၊ လုယက်မှု၊ လူသတ်မှုတွေ နေ့စဉ် နီးပါ ဖြစ်နေပြီး လုံခြုံမှု မရှိပဲ ပိုမို ဆိုးရွားလာနေတာပါ။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...