မွန်ပြည်နယ်တွင် ကိုဗစ် သေဆုံးမှု မြင့်တက်လာ

မွန်ပြည်နယ်တွင် ကိုဗစ် သေဆုံးမှု မြင့်တက်လာ

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်နေပြီး သေဆုံးမှုလည်း တိုးလာနေသည်ဟု ကိုဗစ်-၁၉ အရေး ကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

မော်လမြိုင် ဆေးရုံကြီးတွင် တက်ရောက် ဆေးကုမှုခံယူနေရသည့် ကိုဗစ်-၁၉ အတည်ပြုလူနာများအနက် မတ် လ ၈ ရက်နေ့ တစ်ရက်တည်းတွင် လူနာ ၇ ဦး ထပ်မံသေဆုံးသွားခဲ့ပြီး ယခုလ ပထမအပတ်အတွင်း အတည် ပြု လူနာ ၂၀ ကျော် သေဆုံးသွားသည်ဟု သိရသည်။

“အတည်ပြုလူနာ သေဆုံးတာတွေက ဆက်တိုက်ရှိလာတယ်။ အများစုကတော့ ရောဂါအခံရှိတဲ့ လူကြီးတွေ ပါတယ်။ ပိုးတွေ့လူနာတွေလည်း များတယ်။ နေ့တိုင်း တွေ့ရှိနေတယ်" ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

သေဆုံး အတည်ပြု လူနာများသည် ရောဂါအခံရှိသည့် သက်ကြီးသူ အများစု ပါဝင်ပြီး သက်လတ်ပိုင်းနှင့် သက် ငယ်ပိုင်း လူနာများလည်း ပါဝင်လာနေသည်ဟု အဆိုပါ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆက်ပြော သည်။

ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် အတည်ပြုလူနာ သေဆုံးမှုရှိနေသည့် အပြင် နေအိမ်တွင် သေဆုံး သည့် အတည်ပြုလူနာများလည်း ရှိနေသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။

မွန်ပြည်နယ်တွင် ဒီဇင်ဘာလဆန်းပိုင်း အချိန်ခန့်မှ စတင်ကာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ပြန်လည်တွေ့ရှိခဲ့လာပြီး ဖေဖော်ဝါရီလတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆက်တိုက်တွေ့ရှိလာခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဖေဖော်ဝါရီလတစ်လအတွင်း ကိုဗစ်-၁၉  ကူး စက်ခံရသူ လူဦးရေ ၁၀၀၀ ကျော်ရှိပြီး သေဆုံးမှုများလည်းရှိခဲ့သည်။

ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ပိုးတွေ့လူနာ အရေအတွက်ထက် မြေပြင်တွင် ပိုးတွေ့လူနာ ပိုများနိုင် သည်ဟုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့များ က ပြောသည်။

မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့သည့် ဇူလိုင်လတွင် တစ်ရက်လျှင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိခဲ့သည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် လူဦးရေ ၅၀ အထက်ရှိခဲ့သည်။

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...