ရေးမြို့နယ်အတွင်း မီတာခများ ဈေးတက်

ရေးမြို့နယ်အတွင်း မီတာခများ ဈေးတက်

စက်သုံးဆီ စျေးများအဆမတန်တက်နေသည့်အတွက် ရေးမြို့နယ်ထဲတွင် လျှပ်စစ်မီတာခ စျေးနှုန်း ထပ်မံတက် သွားသည်ဟု ဒေသခံများက ပြောသည်။

ဒီဇယ်စျေး၊ ဓါတ်ဆီစျေးနှုန်းများ တက်နေသည့်အတွက် မွန်ပြည်နယ် တောင်ပိုင်း၊ ရေးမြို့နယ်အတွင်း လျှပ်စစ်မီ တာခ စျေးနှုန်း ထပ်တက်သွားသည်ဟု ဒေသခံများက ပြောသည်။

”ဒီဇယ်စျေးတက်တော့ မီတာခတွေ လိုက်တက်၊ အခု တစ်ယူနစ် ၁၄၀၀ အထိ ဖြစ်သွားတယ်။ မီးတောင် မဖွင့်ရဲ တော့ဘူး” ဟု ရေးမြိုနယ် ခေါဇာဒေသခံတစ်ဦး က ပြောသည်။

မဟာဓါတ်အားလိုင်း မရောက်သည့် ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိက ကုမ္ပဏီအချို့နှင့် ကျေး ရွာအတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးရေးလုပ်ဆောင်နေကြခြင်း ဖြစ်သည်။

လက်ရှိတွင် ဒီဇယ်စျေးမြင့်တက်လာခြင်းကြောင့် ပုဂ္ဂလိက ကုမ္ပဏီများက ဖြန့်ဖြူးနေသည့် လျှပ်စစ်မီးဆိုလျှင် တစ်ယူနစ်ကို ကျပ် ၈၀၀ မှ ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်၍ တစ်ယူနစ်လျှင် ကျပ် ၉၀၀ တိုးမြှင့်ကောက်ခံရန် မီးလင်းရေး ကော်မတီက ကြေညာထားသည်။

အလားတူ ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြန့်ဖြူးနေသည့် လျှပ်စစ်မီးလည်း တစ်ယူနစ် ကျပ် ၁၀၀၀ မှ ကျပ် ၁၄၀၀ အထိ စျေးတက်သွားသည်ဟု သုံးစွဲသူများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် စျေးကွက်အတွင်း၌ ဒီဇယ်ဆီစျေး တစ်လီတာ ကျပ် ၂၀၀၀ ကျော် ရှိနေသည်။

လျှပ်စစ်မီတာခ ဆက်တိုက်မြင့်တက်လာသည့်အတွက် အထူးသဖြင့် လျှပ်စစ်မီးဖြင့် လုပ်ငန်းလုပ်ကိုင်နေကြရ သည့် လုပ်ငန်းရှင်များလည်း အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ရေးမြို့ဒေသခံများက ပြောသည်

စစ်တပ်က အာဏာမသိမ်းခင်တွင် ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခကို တစ်ယူနစ်လျှင် ကျပ် ၃၅၀ နှင့် ၄၅၀ အကြားရှိခဲ့ရာမှ တဖြည်းဖြည်းမြင့် တက်လာခဲ့သည့် ဒီဇယ်စျေးကြောင့် ယခုဆိုလျှင် တစ်ယူနစ် ကျပ် ၁၀၀၀ ကျော်အထိ စျေးတက်သွားခဲ့သည်။

May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...