ပဲခူးတိုင်း အနောက်ခြမ်းတွင် တပ်ကြပ်တစ်ဦးအား လမ်းပေါ်တွင် ပစ်သတ်

ပဲခူးတိုင်း အနောက်ခြမ်းတွင် တပ်ကြပ်တစ်ဦးအား လမ်းပေါ်တွင် ပစ်သတ်

ပဲခူးတိုင်းအနောက်ခြမ်းတွင် တပ်မ ၆၆ က တပ်ကြပ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားသည်။

ပဲခူးတိုင်း အနောက်ခြမ်း၊ ဝက်ပုတ်မြို့အနီးတွင် တပ်မ ၆၆၊ ‌ဆက်သွယ်ရေးဌာနမှ တပ်ကြပ်ဇော်မိုးသည် သစ်ချို ဘုန်းကြီးကျောင်းအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“တပ်ကြပ်က ပေါင်းတည်ကနေ ပြန်လာချိန် အသတ်ခံလိုက်ရတာ။ နေရာမှာပဲ ပွဲချင်းပြီး သေသွားတာ။ အလောင်းကို စစ်တပ်က လာသယ်သွားတယ်လို့တော့ ကြားတယ်။ သေချာမသိဘူး။ ဘယ်သူမှ အပြင်မထွက်ရဲ တော့ဘူးလေ” ဟု အသက် ၄၀ နှစ်အရွယ် ဝက်ပုတ် ဒေသခံတစ်ဦး က ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ က တပ်ကြပ်ဇော်မိုးသည် ပေါင်းတည်မြို့မှ ပြန်လာရာ ညနေ (၅:၃၀) အချိန် ဝန်းကျင် ခန့်တွင် ဝက်ပုတ်မြို့အလွန် သစ်ချိုဘုန်းကြီးကျောင်းအနီးတွင် သေနတ်ဖြင့် နှစ်ချက် ပစ်သတ်ခံရခြင်း ဖြစ်သည် ဟု ဆိုသည်။

တပ်ကြပ်ဇော်မိုး အသတ်ခံရသည့် ဖြစ်စဉ်ကို ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PPDF က ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နှစ်ခြောက်လုံးသပိတ် အရေးတော်ပုံနေ့ အထိန်းအမှတ်အဖြစ်  ပစ်သတ်လိုက်ခြင်း ဖြစ်သည်ဟု သတင်းထုတ် ပြန်ထားသည်။

နှစ်ခြောက်လုံး သပိတ်အမှတ်တရ လက်ဆောင်အဖြစ် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF က နှုတ်ခမ်းနီ နှစ်တောင့်လက်ဆောင်ပေးပြီး ငရဲပြည်သို့ ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်သည်ဟု ပေါင်းတည် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...