လိုင်ဇာသို့ သွားမည့်သူများ ကွာရန်တင်း ၁၄ ရက် ဝင်ရန် ပြန်လည်သတ်မှတ်

လိုင်ဇာသို့ သွားမည့်သူများ ကွာရန်တင်း ၁၄ ရက် ဝင်ရန် ပြန်လည်သတ်မှတ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာမြို့တွင် အိုမီခရွန်- Omicron အမျိုးအစား covid-19 ပိုး ကူးစက်ခံရသူရှိလာသောကြောင့် အခြားမြို့နယ်မှလိုင်ဇာမြို့သို့ ဝင်ရောက် လာမည့် မည်သူမဆို မိုင်ဆပ်ပါတွင် Quarantine ၁၄ ရက် ဝင်ရမည်ဟု ကိုဗစ်ကာကွယ်ရေးကော်မတီမှ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည်။

လက်ရှိ လိုင်ဇာမြို့သို့ မိုင်ဆပ်ပါ Check Point မှ ဝင်လာသူများအား Swab စစ်ဆေးမှုခံယူပြီး Negative ဖြစ်သူများနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်ရရှိသူများကိုသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း KIO ကိုဗစ်ကာကွယ်ရေးဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝမ် က KNG ကို ပြောသည်။

“ကျနော်တို့ ဝင်လာတဲ့သူအားလုံးကို Swab စစ်ပြီး Negative အဖြေရမှ ဝင်ခွင့်ပေးတယ်။ အရင်လကနေစပြီး lockdown ပြန်ဖြည်လျော့လိုက်တဲ့အချိန် ရောဂါဖြစ်ပြီးတဲ့သူတွေ၊ ဆေးထိုးထားပြီး လက်မှတ်ရတဲ့သူတွေ ဝင်ခွင့်ပေးခဲ့တယ်။ အခုတော့ မရတော့ဘူး။ ဝင်လာတဲ့သူမှန်တမျှကို Swab စစ်ပြီး ကိုဗစ်ကာကွယ်ဆေးလဲ မထိုးသေးသူကိုတော့ Quarantine ၁၄ ရက် မိုင်ဆပ်ပါ ကိုဗစ်ပြုစုရေးစင်တာမှာ ဝင်ရမယ်။” ဟု KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က ဆိုသည်။

မိုင်ဆပ်ပါ ကိုဗစ်ကာကွယ်ပြုစုရေးစင်တာတွင် Quarantine ၁၄ ရက် ဝင်လာသူများကို တစ်ဦးလျှင် ဆေးစစ်ခ ၅ ထောင်ကျပ် နှင့် စားသောက်စရိတ် ၅ သောင်းကျပ်၊ စုစုပေါင်း ၅၅၀၀၀ ကျပ် ကောက်ခံပြီး ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ စားရေးသောက်ရေး အားလုံးကို တာဝန်ယူလုပ်ဆောင်ပေးနေကြောင်း သိရပါသည်။

ကိုဗစ် Positive ဖြစ်သည့် လူနာများနှင့် ဆက်စပ်လူနာများအား Swab စစ်ဆေးသွားမည်ဖြစ်ပြီး ကိုဗစ်ကော်မတီမှ သတ်မှတ်ထားသည့် Quarantine Center တွင် ဆေးကုသရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ဆိုသည်။

“Positive ဖြစ်တဲ့လူနာနဲ့ ဆက်စပ်လူနာတွေကို Swab စစ်မယ်။ သတ်မှတ်ထားတဲ့ Quarantine Center မှာ ဆေးကုပေးမယ်။ လိုင်ဇာမှာ တစ်ရက်ကို ကိုဗစ်ကူးစက်ခံရတဲ့လူနာ ၄ ၊၅ ယောက်တိုးနေတာ။ အခုက အိုမီခရွန်-Omicrom Virus ကူးစက်ခံတာလား ကိုဗစ်ပဲလားခွဲဖို့တောင် ခက်နေတယ်။ ဒေသခံပြည်သူတွေ နှာခေါင်းစီးအမြဲတပ်ကြပါ။ လက်အမြဲတမ်းဆေးပေးပါ။ လူများတဲ့နေရာတွေမှ စုဝေးသွားတာတွေမလုပ်ပဲ ကိုဗစ်ကော်မတီက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာစေချင်ပါတယ်။ ကျနော်တ” ဟု KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က ပြောသည်။

လက်ရှိ အခြားမြို့နယ်မှ လိုင်ဇာမြို့သို့ ဝင်ရောက်နိုင်ရန် ကိုဗစ်ကော်မတီမှ သတ်မှတ်ထားသည့် မိုင်ဆပ်ပါ Check Point နှင့် မုန်လိုင်ခက် Check Point ၂ ခုတွင် စစ်ဆေးမှုခံယူခြင်း မပြုပဲ အခြားလမ်းမှ ခိုးဝင်သူများကို ဖမ်းဆီးအရေးယူသွားဖို့ လုံခြုံရေးများချမှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လိုင်ဇာမြို့တွင်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေသည့်အပြင် အကြိမ်ပြည့်ထိုးပြီးသူ ဦးရေ ၂ သောင်း ဝန်းကျင်ခန့်ရှိပြီး ဖြစ်ပြီး ကိုဗစ် Quarantine Center များတွင် Q ခံယူနေသူစုစုပေါင်း ၅၀ ဝန်းကျင် ရှိနေပြီး ဖြစ်ကြောင်း သိရသည်။

July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...
July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...