ဧရာဝတီတိုင်းတွင် နှစ်ရက်အတွင်း မြို့လေးမြို့မှ ပစ်မှတ်များကို PDF များ တိုက်ခိုက်

ဧရာဝတီတိုင်းတွင် နှစ်ရက်အတွင်း မြို့လေးမြို့မှ ပစ်မှတ်များကို PDF များ တိုက်ခိုက်

ဧရာဝတီတိုင်းတွင် နှစ်ရက်အတွင်း  မြို့ ၄ မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ရုံးများနှင့် အိမ် အချို့တို့ ဗုံးဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ ညပိုင်းက ကျိုက်လတ်မြို့အဝင် စစ်ဆေးရေးဂိတ်၊ ဖျာပုံမြို့ အမှတ် ၁၀ ရပ်ကွက်ရုံးနှင့် ဘိုကလေးမြို့တွင် မြန်မာ့စီးပွားရေးဘဏ်ရှေ့၊ သစ်တောရုံးရှေ့ တို့တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည် ဟု ဒေသခံ PDF များက ထုတ်ပြန်လိုက်သည်။

ထို့အပြင် ကျုံပျော်မြို့တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်းက အထောင်တိုက်နယ် လျှပ်စစ်မီတာရုံး နှင့် ၁၂ ရက်နေ့၊ နံနက် ၃ နာရီဝန်းကျင် အချိန်က ပျူစောထီး အဖွဲ့ဝင် ဦးသန်းဝင်း ၏ နေအိမ်တို့ ဗုံးဖောက်ခွဲခဲ့သည်။

“စစ်ကောင်စီ အထောက်အပံ့ နေရာတွေကို ဖောက်ခွဲ တိုက်ခိုက်ပြီး တော်လှန်ရေး ရဲဘော်တွေ ဘေးလွှတ်ရာကို ပြန်ရောက်နေပါပြီ” ဟု ဧရာဝတီ တော်လှန်ရေး တပ်ပေါင်းစုအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့နောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မြို့များအသီးသီးက မြို့အဝင်အထွက် လမ်းများကို ပိတ်ဆို့ကာ စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

“စစ်တပ်နဲ့ ရဲက ပေါက်ကွဲမှု ဖြစ်တိုင်း မဆိုင်တဲ့သူတွေ တွေ့ရာမြင်ရာကို ဖမ်းနေကြတယ်။ တော်လှန်ရေး သမား တွေကိုတော့ ဖမ်းမိတာမျိုး နည်းတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက ဖမ်းဆီးထားသူများထဲမှ အချို့ကို အမှုဆင် တရားစွဲဆိုမှုများ ပြု လုပ်ပြီး အချို့ကို ငွေညှစ်တောင်းယူကာ ခံဝန်လုပ်၍ ပြန်လွှတ်ပေးသည့် ဖြစ်စဉ်များလည်း ဆက်တိုက် ဖြစ်ပွား နေသည်ဟု ဒေသခံအချို့က ပြောသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့က ဖောက်ခွဲ တိုက်ခိုက်မှုများကို ဧရာဗေဒါ အဖွဲ့ (ကျိုက်လတ်)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ဖျာပုံ)၊ ဘိုကလေးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ပေါင်းစု နှင့် ပြည်သူပြောက်ကျား တပ်ဖွဲ့ (ကျုံပျော်) တို့က ၎င်းတို့က လုပ်ဆောင်မှုဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...