ရေဖြူမြို့အဝင်တွင် စစ်ကား တစ်စီးအား မိုင်းဆွဲတိုက်ခိုက်၊ စစ်ဆေးရေးဂိတ်တွင် နောက်ထပ် မိုင်းတလုံးကွဲ

ရေဖြူမြို့အဝင်တွင် စစ်ကား တစ်စီးအား မိုင်းဆွဲတိုက်ခိုက်၊ စစ်ဆေးရေးဂိတ်တွင် နောက်ထပ် မိုင်းတလုံးကွဲ

ထားဝယ်ခရိုင်၊ ရေဖြူမြို့အဝင် မြစ်ကူးတံတားအနီးတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက်ပိုင်းက စစ်ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီး တံတားအနီးစစ်ဆေးရေးဂိတ်တွင်လည်း မိုင်းတစ်လုံးထပ်မံ ပေါက် ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကျောက်ကညာတပ်ရင်းမှ ရေဖြူအနောက်ကမ်းကျောင်းသို့ တပ်မိသားစု ကျောင်းသားများ ပို့ပြီးပြန်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးပါ စစ်ကားကို ဒေသခံ PDF ပူးပေါင်းအဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

ရေဖြူ မြစ်ကူးတံတားဘက်ခြမ်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးခန့်သည့် ကျောင်းပို့ကား မိုင်းဆွဲခံရသည့်နေရာ အနီးကိုရောက်ရှိလာပြီး သေနတ်များဖြင့်  အနီးပတ်ဝန်းကျင်တွင် ၁၅မိနစ်ခန့် ရမ်းသန်းပစ်ခတ်ခဲ့သေးသည်ဟု   ဒေသခံများက ပြောသည်။

“အုန်း ဆိုပြီး အသံကျယ်ကြီးတစ်ချက် ကြားရတယ်။ စစ်သားတွေ သေနတ်နဲ့ ၁၅ မိနစ်လောက် ပစ်နေတာ လည်း ကြားရတယ်။ နောက်တလုံးကွဲတာတော့ မသိဘူး။ ကြောက်လို့ ရွာဘက် ထွက်သွားနေချိန် ဖြစ်မယ်” ဟု အသက်  ၄၅ နှစ် အရွယ်ခန့်ရှိသူ ရေဖြူမြို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော Launglone People Defence Force ( LPDF ) နှင့် Dawei Guerrilla Revolutionary Force ( DGRF ) တို့ ပူးပေါင်းပြီး ရေဖြူတံတားအနီးဝန်းကျင်တွင် မိုင်းခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး ၂ နာရီခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအပြည့် ကား ၃ စီးဖြင့် ထိုနေရာ သို့ ရောက်ရှိလာပြီး ရေဖြူတံတားထိပ်တွင် ကားများကိုတား၍စစ်ဆေးမှုများ ပြုလုပ်ရန်စီစဉ်နေစဉ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ကြိုတင်မြုပ်နှံထားခဲ့သည့် မိုင်းအား ထပ်မံဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကားနှင့် လိုက်ပါလာသည့် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု ရှိမရှိ မသိရသေး သော်လည်း တံတားအနီးက ပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေး ပေါ်ကားများဖြင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဆက်တိုက် သယ်ယူသွားလာနေသည်ကို မြင်နေရသည်ဟု ဒေသခံ များက ပြောသည်။

ထို့အပြင် ရေဖြူမြို့နယ်ထဲက မိုင်းနှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက် ဒဏ်ရာရပြီး သေဆုံးမှုလည်း ရှိနေသည်ဟု သတင်းအချို့ရခဲ့သော်လည်း အရေအတွက် မည်မျှရှိသည်ကို အတည် ပြုနိုင်ရန် သတင်းနှင့် မီဒီယာကွန်ယက်သတင်းဌာမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...