ရွေပြည်သာ လ္ဘက်ရည်ဆိုင်အတွင်း လူငယ် ၂ ဦး ကျည်ဆံများနှင့် ဖမ်းဆီးခံရ

ရွေပြည်သာ လ္ဘက်ရည်ဆိုင်အတွင်း လူငယ် ၂ ဦး ကျည်ဆံများနှင့် ဖမ်းဆီးခံရ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်းက လူငယ် ၂ ဦး လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ရိုက်နှက် ဖမ်းဆီးခံလိုက်ရသည်။

ရွှေပြည်သာ မြို့နယ်၊ ၁၀ ရပ်ကွက်အတွင်းရှိ ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေသည့် လူငယ် ၂ ဦး ယမန်နေ့ နံနက် ၁၀ နာရီကျော်အချိန်က ရိုက်နှက်ဖမ်းဆီးခံခဲ့ရသည်ဟု ရွှေပြည်သာ မြို့ နယ်အတွင်း နေထိုင်သူများက ပြောသည်။

လူငယ်နှစ်ဦးကို လာရောက်ဖမ်းဆီးသူများသည် အရပ်ဝတ်များ ဝတ်ဆင်ထားပြီး အိမ်စီးကားဖြင့် လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် လူငယ်နှစ်ဦးကို အရပ်ဝတ်ရဲများက ရှာဖွေရာ ၎င်းတို့နှစ်ဦးထံမှ သေနတ်မတွေ့သော်လည်း ကျဉ်ဆံများတွေ့ရှိခဲ့သည် ဟု ရွှေပြည်သာမြို့နယ်ထဲတွင် နေထိုင်သူများက ပြောသည်။

မျက်မြင်တွေ့ရှိခဲ့သည့် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက “ကျည်ဆံဝယ်ပြီး ပြန်လာတာဖြစ်နိုင်တယ်။ အဲ့ဒီလိုဝယ်တဲ့အခါ သတိထားတာ ကောင်းတယ်။ သူတို့ (စစ်ကောင် စီ) တွေက ကိုယ့်လူလိုလို ဘာလိုလိုနဲ့ စုံစမ်း နေတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့၊ ညပိုင်းကလည်း ရွှေပြည်သာမြို့နယ်၊ ပုလဲရိပ်မွန်အိမ်ရာကို စစ်ကောင်စီ တပ် ဖွဲ့ဝင်များက သေနတ်များ ပစ်ဖောက်စီးနင်းခဲ့ပြီး လူ ၃ ဦးကို ဖမ်းဆီးသွားခဲ့သည်။

ရွှေပြည်သာမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၂၀ ဝန်းကျင်ခန့် ရှိနေပြီဟု မြို့နယ် သတင်းရေးသားသည့် သတင်းစာမျက်နှာတစ်ခု တွင် ဖော်ပြထားသည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...