ပြည်ထောင်စု အခန်းအနား အနီး ဆိုင်ကယ် မရပ်ပေးဟုဆိုကာ သေနတ်နှင့် ပစ်ဖမ်း

ပြည်ထောင်စု အခန်းအနား အနီး ဆိုင်ကယ် မရပ်ပေးဟုဆိုကာ သေနတ်နှင့် ပစ်ဖမ်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနေသည့် ကန်သာယာကွင်း အနီးတွင် ဆိုင်ကယ်ရပ်မပေး၍ ဟု ဆိုကာ လူငယ် နှစ်ဦးကို စစ်ကောင်စီ၏ စစ်ဆေးရေးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည် ဟု သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနေသည့်ကွင်း အနီး အမှတ်(၃) ရပ်ကွက်၊ တောရကျောင်းလမ်းထိပ်ရှိ စစ်ဆေးရေးအဖွဲ့ မှ ရဲတစ်ဦးက ပစ်ခတ်ခဲ့သဖြင့် လူငယ် တစ်ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများ က ပြောသည်။

“ဆိုင်ကယ်ကို ရပ်ပေးပါတယ်။ တားတာ သူတို့မပါဘူး ထင်ပြီး ဖြေးဖြေးမောင်း နေရာက ရပ်တဲ့အခါ ရှေ့ကို အ ရှိန်လွန်သွားတယ်။ အဲ့ဒါ ရပ်မပေးရ ကောင်းလားဆိုပြီး ပေါင်ကိုတေ့ပစ်တာ” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦး ပြောသည်။

ဆိုင်ကယ်စီး လူငယ်နှစ်ဦးသည် ယင်းလမ်းအတွင်း နေထိုင်ကြသည့် ကိုဝင်းကိုကိုဌေးနှင့် ကိုမြတ်သူတို့ဖြစ်ပြီး သေနတ်ထိမှန်ဒဏ်ရာပြင်းထန်သည့် ဆိုင်ကယ်မောင်းနှင်သူ ကိုဝင်းကိုကိုဌေး ယခုခါ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူ နေရသည်ဟု မိသားစုနှင့် နီးစပ်သူ အချို့က ပြောသည်။

ထို့အပြင် ကိုမြတ်သူနှင့် ၎င်း၏ အဖေဖြစ်သူကိုလည်း ဖမ်းဆီးထားပြီး စစ်ဆေးသည့် ရဲတပ်ဖွဲ့ကို ဆိုင်ကယ်ရပ် မပေးဘဲ အရက်ပုလင်းဖြင့် ပစ်ခတ်သည်ဟု ရဲများက သတင်းလွှင့်နေသည်ဟု သိရသည်။

“အရင်က ဖမ်းစရာရှိတဲ့ သူတွေဆို လက်ဗလာနဲ့လုံးထွေး ဖမ်းတဲ့ ပုသိမ်က ရဲတွေက စစ်အာဏာသိမ်းပြီး နောက် ပိုင်း သေနတ်နဲ့ပစ်တာ လက်ယဉ်လာတယ်” ဟု ပုသိမ်မြို့ခံ ဦးသန်းဝင်း က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှ စတင်၍ ယနေ့လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့က သေ နတ်ဖြင့် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီး သေဆုံးမှုနှင့် ထိခိုက်မှု ၂၅ ဦး ထက်မနည်းရှိသည်ဟု ဒေသခံလူ အခွင့်အရေး တက်ကြွ လှုပ်ရှားသူများ၏ ပြောပြချက်အရ သိရသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း ဒု-ရဲအုပ်တစ်ဦးက အခြား တရားခံတစ်ဦးအားဖမ်း ဆီးစဉ် ပုသိမ်မြို့ အမှတ် ၇ ရပ် ကွက်တွင် နေထိုင်သည့် အသက် ၆၀ အရွယ် အမျိုးသမီး တစ်ဦးကို ပစ်သတ်ခဲ့ဖူးသည်ဟု ဒေသခံလူ့အခွင့် အရေး တက်ကြွလှုပ်ရှားသူများ၏ ပြောပြချက်အရ သိရသည်။

ဓါတ်ပုံ - ပေါင်တွင် သေနတ်ဒဏ်ရာရရှိသူ ကိုဝင်းကိုကိုဌေး

May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...