နမ့်ခမ်းမြို့တွင်း TNLA တပ်သားများ ဝင်ရောက်လာကာ အခွန်ကဒ်များလိုက်ဝေနေ

နမ့်ခမ်းမြို့တွင်း TNLA တပ်သားများ ဝင်ရောက်လာကာ အခွန်ကဒ်များလိုက်ဝေနေ

ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် နမ့်ခမ်းမြို့အတွင်း TNLA တအောင်းတပ်မတော်သားများဝင်ရောက်လာကာ အခွန်ကဒ်များ လိုက်ဝေနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် နမ်းခမ်းမြို့မှ ဈေးသည်များထိတ်လန့်ကာ ဈေးများ ပိတ်သိမ်းထွက်ပြေးတိမ်းရှောင်သူများ ရှိကြောင်း နမ့်ခမ်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

"TNLA တံဆိပ်၊ မိုင်းကိုအောင်  အခွန်များဦးစီးဌာန ဆိုတဲ့ စာသားပါ အခွန်ကဒ် လိုက်လံဝေတာတွေ့ရတယ် တစ်ချို့ဈေးသည်တွေက ကြောက်လို့ ဆိုင်သိမ်းပြီး ပြန်တဲ့သူတွေလည်းရှိတယ် " ဟု ဒေသခံတစ်ဦးကပြောသည်။

ယနေ့ နမ့်ခမ်းမြို့တွင်းသို့ ဝင်ရောက်လာသည့် TNLA တအောင်းတပ်မတော်များသည်  အင်အား ၆၀ ခန့်ရှိပြီး နံနက် ၉ နာရီဝန်းကျင်တွင် ဝင်ရောက်လာကာ  နေ့လည် ၁၁ ဝန်းကျင်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့်လ ဇန်နဝါရီ ၄ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်တွင်လည်း   နမ့်ခမ်းမြို့မစျေးအတွင်းသို့ အခွန်လာကောက်သည့် TNLA တပ်သားနှစ်ဦး ပစ်သတ်ခံရမူ ဖြစ်ပွားခဲ့ဖူးသည်။

ထို့ပြင် ဇန်နဝါရီ ၅ ရက်နေ့တွင်လည်း TNLA တအောင်းတပ်မတော် နမ့်ခမ်းမြို့ထဲ ဝင်ရောက်ခဲ့ပြီးစစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...