နမ့်ခမ်းမြို့တွင်း TNLA တပ်သားများ ဝင်ရောက်လာကာ အခွန်ကဒ်များလိုက်ဝေနေ

နမ့်ခမ်းမြို့တွင်း TNLA တပ်သားများ ဝင်ရောက်လာကာ အခွန်ကဒ်များလိုက်ဝေနေ

ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် နမ့်ခမ်းမြို့အတွင်း TNLA တအောင်းတပ်မတော်သားများဝင်ရောက်လာကာ အခွန်ကဒ်များ လိုက်ဝေနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် နမ်းခမ်းမြို့မှ ဈေးသည်များထိတ်လန့်ကာ ဈေးများ ပိတ်သိမ်းထွက်ပြေးတိမ်းရှောင်သူများ ရှိကြောင်း နမ့်ခမ်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

"TNLA တံဆိပ်၊ မိုင်းကိုအောင်  အခွန်များဦးစီးဌာန ဆိုတဲ့ စာသားပါ အခွန်ကဒ် လိုက်လံဝေတာတွေ့ရတယ် တစ်ချို့ဈေးသည်တွေက ကြောက်လို့ ဆိုင်သိမ်းပြီး ပြန်တဲ့သူတွေလည်းရှိတယ် " ဟု ဒေသခံတစ်ဦးကပြောသည်။

ယနေ့ နမ့်ခမ်းမြို့တွင်းသို့ ဝင်ရောက်လာသည့် TNLA တအောင်းတပ်မတော်များသည်  အင်အား ၆၀ ခန့်ရှိပြီး နံနက် ၉ နာရီဝန်းကျင်တွင် ဝင်ရောက်လာကာ  နေ့လည် ၁၁ ဝန်းကျင်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့်လ ဇန်နဝါရီ ၄ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်တွင်လည်း   နမ့်ခမ်းမြို့မစျေးအတွင်းသို့ အခွန်လာကောက်သည့် TNLA တပ်သားနှစ်ဦး ပစ်သတ်ခံရမူ ဖြစ်ပွားခဲ့ဖူးသည်။

ထို့ပြင် ဇန်နဝါရီ ၅ ရက်နေ့တွင်လည်း TNLA တအောင်းတပ်မတော် နမ့်ခမ်းမြို့ထဲ ဝင်ရောက်ခဲ့ပြီးစစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲသည်။

Most read this week

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...