ဖားကန့်လမ်းတွင် တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွား

ဖားကန့်လမ်းတွင် တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွား

ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာတွင် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု သိရသည်။

“မနက် ၁၀ နာရီလောက်မှာ တိုက်ပွဲဖြစ်ပြီး ငြိမ်သွားတော့ ဘာမှမဖြစ်တော့ဘူးထင်ပြီး မီးသွေးလုပ်တဲ့ဘက်ကို အလုပ်သွားရင်း ဖမ်းခံရတာ” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက KNG သတင်းဌာနကို ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားခံရသူ ၂ ဦးမှာ ဆိုင်းဖရာကျေးရွာမှ ၁၉ နှစ်အရွယ် မောင် ဇခုန်ဇော်မုန်ရာ နှင့် ကပ်မှော်ကျေးရွာမှ ၃၀ ကျော်အရွယ် မောင် လဘန်ယောဟန်တို့ ဖြစ်သည်။

ယနေ့ နံနက် တိုက်ပွဲဖြစ်ပွားခဲ့သောနေရာမှာ ဆိုင်းဖရာကျေးရွာမြောက်ဘက် ၁ မိုင်ခန့်အကွာတွင်ဖြစ်ပြီး ဖားကန့်ဘက်မှ ဆင်းလာသောစစ်ကြောင်းဖြစ်သည်ဟု သိရသည်။

ယခင်ရက်ကတည်းကလည်း အဆိုပါဒေသရှိ ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ယနေ့ နံနက်တွင် အဆိုပါ ၃ ဦးကိုလွတ်ပေးကာ နောက်ထပ် လူသစ် ၂ ယောက်ကို ထပ်မံ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါဖမ်းဆီးခံရသူ ၂ ဦးကို မည်သည့်နေရာတွင် ထားရှိကြောင်းကို မသိရသေးကြောင်း ဒေသခံများပြောသည်။

“သူတို့ ၂ ယောက်ကို ဘယ်ကို ခေါ်သွားလဲ မသိသေးဘူး။ နမ့်ယာ စစ်တပ်ကလား၊ ဘယ်ကို ခေါ်သွားလဲ မသိဘူး။” ဟု ဆိုသည်။

ဖမ်းဆီးခံရသူ လူငယ် တစ်ဦး၏ မိခင်ဖြစ်သူမှာ သူ၏သားကို အမြန်လွတ်ပေးရန် KNG မှတဆင့် တောင်းဆိုထားသည်။

ဖားကန့်လမ်းတွင် ပြီးခဲ့နှစ် ဇူလိုင်လကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...