မန္တလေးမှဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော ၂ စီး တိုက်ခိုက်ခံရ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူများနိုင်

မန္တလေးမှဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော ၂ စီး တိုက်ခိုက်ခံရ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူများနိုင်

မန္တလေးမှ စစ်ကိုင်းတိုင်း၊ ကသာခရိုင်သို့ ဧရာဝတီမြစ်ကြောင်းတလျှောက် ဆန်တက်လာသည့် စစ်ကောင်စီ၏ ရိက္ခာသယ်သင်္ဘော ၂ စီး ဇန်နဝါရီ နံနက်ပိုင်းက ၄ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း မြေပြင် သတင်းပေးပို့ချက်အရ သိရသည်။

“စစ်ကောင်စီဘက်က တော်တော်ထိ တယ်လို့ သိရတယ်။ ကျွန်တော်သိရတာတော့ ကျောက်တွင်းအထက်နားမှာ အလောင်းတွေ ရေထဲပစ်ချတယ်လို့ကြားတယ်” ဟု မြေပြင် သတင်းပေးပို့သည့် ဒေသရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ရိက္ခာနှင့် လက်နက်များတင်ဆောင်လာသည့်သင်္ဘော ၂ စီးဖြစ်သည့်  ပုံညာ နှင့် ပြဒါးရှင်သင်္ဘောအား ဇန်န‌ဝါရီလ ၃ရက်နေ့ နံနက်ပိုင်းက ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်များက ၃ နေရာခွဲ၍ ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် ကသာခရိုင် ညောင်ခြေထောက်ကျေးရွာအနီး ကသာ PDF တပ်ဖွဲ့မှလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေသခံတပ်ဖွဲ့များ၏ စောင့်ကြိုတိုက်ခိုက်မူကြောင့် စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း TR Revolution ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် တိုက်ခိုက်ခံရသည့် အဆိုပါ သင်္ဘော ၂ စီးသည် ယနေ့ည ညနေ ၅နာရီဝန်းကျင် ကသာရေဆိပ်တွင် ကပ်သွားပြီး ဖြစ်ကြောင်း သိရသည်။

” မီးခိုးတစ်လိပ်လိပ်နဲ့ ကသာမှာ ညနေ ၅နာရီဝန်းကျင်လောက်မှာ ကမ်းကပ်သွားပြီ အနီးကပ်တော့ သွားကြည့်လို့အဆင်မပြေလို့ အခြေနေ အသေးစိတ်တော့ ပြောဖို့ခက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မကြာခဏဆိုသလို ဒေသခံတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ယနေ့ထိ ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး ဖြစ်သည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...