မန္တလေးမှဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော ၂ စီး တိုက်ခိုက်ခံရ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူများနိုင်

မန္တလေးမှဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော ၂ စီး တိုက်ခိုက်ခံရ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူများနိုင်

မန္တလေးမှ စစ်ကိုင်းတိုင်း၊ ကသာခရိုင်သို့ ဧရာဝတီမြစ်ကြောင်းတလျှောက် ဆန်တက်လာသည့် စစ်ကောင်စီ၏ ရိက္ခာသယ်သင်္ဘော ၂ စီး ဇန်နဝါရီ နံနက်ပိုင်းက ၄ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း မြေပြင် သတင်းပေးပို့ချက်အရ သိရသည်။

“စစ်ကောင်စီဘက်က တော်တော်ထိ တယ်လို့ သိရတယ်။ ကျွန်တော်သိရတာတော့ ကျောက်တွင်းအထက်နားမှာ အလောင်းတွေ ရေထဲပစ်ချတယ်လို့ကြားတယ်” ဟု မြေပြင် သတင်းပေးပို့သည့် ဒေသရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ရိက္ခာနှင့် လက်နက်များတင်ဆောင်လာသည့်သင်္ဘော ၂ စီးဖြစ်သည့်  ပုံညာ နှင့် ပြဒါးရှင်သင်္ဘောအား ဇန်န‌ဝါရီလ ၃ရက်နေ့ နံနက်ပိုင်းက ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်များက ၃ နေရာခွဲ၍ ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် ကသာခရိုင် ညောင်ခြေထောက်ကျေးရွာအနီး ကသာ PDF တပ်ဖွဲ့မှလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေသခံတပ်ဖွဲ့များ၏ စောင့်ကြိုတိုက်ခိုက်မူကြောင့် စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း TR Revolution ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် တိုက်ခိုက်ခံရသည့် အဆိုပါ သင်္ဘော ၂ စီးသည် ယနေ့ည ညနေ ၅နာရီဝန်းကျင် ကသာရေဆိပ်တွင် ကပ်သွားပြီး ဖြစ်ကြောင်း သိရသည်။

” မီးခိုးတစ်လိပ်လိပ်နဲ့ ကသာမှာ ညနေ ၅နာရီဝန်းကျင်လောက်မှာ ကမ်းကပ်သွားပြီ အနီးကပ်တော့ သွားကြည့်လို့အဆင်မပြေလို့ အခြေနေ အသေးစိတ်တော့ ပြောဖို့ခက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မကြာခဏဆိုသလို ဒေသခံတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ယနေ့ထိ ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး ဖြစ်သည်။

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...