မြဝတီ-ကော့ကရိတ်အာရှလမ်းပေါ်ရှိ ကော့နွဲတံတားတွင် မိုင်းတစ်လုံးတွေ့ရှိ၍ ယာဉ်ဖြတ်သန်းသွားလာမှုခေတ္တပိတ်

မြဝတီ-ကော့ကရိတ်အာရှလမ်းပေါ်ရှိ ကော့နွဲတံတားတွင် မိုင်းတစ်လုံးတွေ့ရှိ၍ ယာဉ်ဖြတ်သန်းသွားလာမှုခေတ္တပိတ်

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု အဓိကလမ်းကြောင်းဖြစ်သော မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ် ကော့ကရိတ်ဘက်ခြမ်းဒေါနတောင်ခြေရှိ ကော့နွဲတံတားတွင် မိုင်းတစ်လုံးတွေ့ရှိ၍ သက်ဆိုင်ရာမှ မိုင်းရှင်းလင်းရေးဆောင်ရွက်နေချိန် ယာဉ်ဖြတ်သန်းသွားလာမှု ခေတ္တပိတ်သွားကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ကော့နွဲတံတားအောက်တွင် မိုင်းတစ်လုံးတွေ့ရှိပြီးနောက် ယာဉ်ဖြတ်သန်းသွားလာမှုကို ၃ နာရီနီးပါး ပိတ်ထားခဲ့ရသည်ဟု ယနေ့ မြဝတီမှ ဖားအံသို့ ခရီးသွားနေသည့် ဒေသခံတစ်ဦးက ပြောသည်။

” ညနေ ၄ နာရီကျော်လောက်မှာ မိုင်းရှင်းလို့ ပြီးသွားပါတယ်။ မိုင်းရှင်းလင်းရေး ဆောင်ရွက်နေတဲ့ ကြာချိန် ၃ နာရီနီးပါး ယာဉ်ဖြတ်သန်း သွားလာမှုတွေပေးမလုပ်ပါဘူး။ အခုတော့ ယာဉ်တွေ ပုံမှန် သွားလာနေကြပြီး။ ဒီမိုင်းက အလုံးကြီးတယ် ။ ချိန်ကိုက်မိုင်းဖြစ်ဖို့များတယ်။ တံတားကြမ်းခင်းကပ်လျက် အောက်ဘက်မှာ ထောင်ထားတာ။ တကယ်လို့သာ ပေါက်ကွဲမှုဖြစ်ခဲ့ရင် တံတားကျိုးပျက် သွားနိုင်တယ် ”ဟု ၎င်းက ပြောသည်။

ယခု မိုင်းတွေ့ရှိခဲ့သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ် ကော့ကရိတ်ဘက်ခြမ်း ဒေါနတောင်ခြေရှိကော့နွဲတံတားသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်နေ့ ညပိုင်းကလည်း မိုင်းဖောက်ခွဲမှု ခံခဲ့ရပြီး တံတားမှာ ကျိုးပျက်သွားသည့် အခြေအနေထိ မရှိခဲ့ကြောင်း သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...