၅၀၀၀ တန်တွေကို ဗဟိုဘဏ်က ငွေမဲအဖြစ်ကြေညာတယ်ဆိုတဲ့ သတင်းမှား

၅၀၀၀ တန်တွေကို ဗဟိုဘဏ်က ငွေမဲအဖြစ်ကြေညာတယ်ဆိုတဲ့ သတင်းမှား

မြန်မာငွေကျပ် ၅၀၀၀ တန်တွေကို ငွေမဲအဖြစ် ဗဟိုဘဏ် ကြေညာပြီ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်သံ သတင်းတစ်ခုကို  Real News Of Myanmar ဆိုတဲ့ YouTube Channel ကနေ တင်ထားတာကို တွေ့ရပါတယ်။

အဲ့ဒီ ရုပ်သံသတင်းကို Real News Of Myanmar ဆိုတဲ့ YouTube Channel က ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စတင် ထားတာကို တွေ့ရပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ realnews-24.com ဆိုတဲ့ Website က ရုပ်သံ ကြည့်ရှု လို့ရမယ့် Real News Of Myanmar YouTube Channel လင့်နဲ့ ချိတ်ဆက်ပြီး တင်ထားတာကိုလည်း တွေ့ရပြန်ပါ တယ်။

Real News Of Myanmar YouTube Channel ကတင်ထားတဲ့ မြန်မာငွေကျပ် ၅၀၀၀ တန်များကို ငွေမဲအဖြစ် ဗဟို ဘဏ် ကြေညာပြီဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ထားတဲ့ ရုပ်သံသတင်းဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ၅၀၀၀ ကျပ်တန် ငွေစက္ကူတွေကို ငွေမဲတွေဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန် ကြေညာ ထားတာကို မတွေ့ရသလို သတင်းဌာနတွေကလည်း ၅၀၀၀ တန် ငွေစက္ကူနဲ့ ပတ်သက်ပြီး သတင်းရေးသားထား တာကို မတွေ့ရလို့ပဲဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ Website မှာ https://www.cbm.gov.mm/my ဝင်ကြည့်လို့ရပါတယ်။

ဒါ့အပြင် Real News Of Myanmar YouTube Channel  က  မြန်မာငွေ ၅၀၀၀ ကျပ်တန်တွေကို ငွေမဲအဖြစ် ဗဟို ဘဏ် ကြေညာပြီဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ထားတဲ့ ရုပ်သံထဲမှာ ဆိုရင် သတင်းခေါင်းစဉ်နဲ့ ကိုက်ညီတဲ့ သတင်း တွေကို ရုပ်သံပြုလုပ်ထားတာ မဟုတ်ပဲ ခေါင်းစဉ်နဲ့ ကိုက်ညီမှု မရှိတဲ့ အကြောင်းအရာတွေကိုပဲ ပြောဆို နေတာ ကို တွေ့ရပါတယ်။

ဥပမာ - စစ်ကောင်စီရဲ့ ဖမ်းဆီးခံရတဲ့သူတွေ သေဆုံးတဲ့ သတင်း၊ ဘဏ်ဓါးပြတိုက်ခံရတဲ့ သတင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်တဲ့ သတင်း စတာတွေကို သတင်းရုပ်သံအဖြစ် ဖန်တီး ပြုလုပ်ထားတာကို တွေ့ရပါတယ်။

ဒါကြောင့် အချက်အလက် အားလုံးကို ကြည့်လိုက်တဲ့အခါမှာ Real News Of Myanmar YouTube Channel နဲ့ realnews-24.com တို့ တင်ထားတဲ့ ရုပ်သံသတင်းဟာ သတင်းအမှား ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

Real News Of Myanmar ဆိုတဲ့ YouTube Channel ရဲ့ ရုပ်သံကို ကြည့်ရှု့သူ ကိုးသောင်း ငါးထောင်နီးပါးရှိ နေပြီး၊ သဘောထားမှတ်ချက်ပေးသူနဲ့ ကြိုက်နှစ်သူတွေလည်း အတော်များများ ရှိနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် ဒီရုပ်သံကိုပဲ NLD.NUG ဆို ချီးထက်ရွံ့သူများ၊ တပ်မတော်ထောက်ခံသူများနှင့် အမျိုးသားအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ Facebook Group တွေထဲမှာ  ထပ်ဆင့် ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

Real News Of Myanmar ဆိုတဲ့ YouTube Channel ဟာ စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်က စတင်လွှင့် တင်ခဲ့တဲ့ Channel ဖြစ်ပြီး အဲဒီ Channel ကနေ ကြည့်ရှု့သူတွေ စိတ်ဝင်စားအောင် ဓာတ်ပုံတွေကို စာအရေး အသားတွေနဲ့ ပြုလုပ်ပြီး ရုပ်သံသတင်း အမှားတွေအဖြစ် ဖန်တီးထားတာဖြစ်ပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီးရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါကြောင့် YouTube Channel တွေကပဲ ဖြစ်ဖြစ်၊ Website တွေကပဲဖြစ်ဖြစ်၊ Facebook ကပဲဖြစ်ဖြစ် အစရှိတဲ့ လူမှုကွန်ရက်တွေနဲ့ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ ပြောပြတော့မယ်ဆိုရင် ယုံကြည်စိတ်ချ ရတဲ့ သတင်းဌာနတွေနဲ့ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့လိုပါတယ်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...