၅၀၀၀ တန်တွေကို ဗဟိုဘဏ်က ငွေမဲအဖြစ်ကြေညာတယ်ဆိုတဲ့ သတင်းမှား

၅၀၀၀ တန်တွေကို ဗဟိုဘဏ်က ငွေမဲအဖြစ်ကြေညာတယ်ဆိုတဲ့ သတင်းမှား

မြန်မာငွေကျပ် ၅၀၀၀ တန်တွေကို ငွေမဲအဖြစ် ဗဟိုဘဏ် ကြေညာပြီ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်သံ သတင်းတစ်ခုကို  Real News Of Myanmar ဆိုတဲ့ YouTube Channel ကနေ တင်ထားတာကို တွေ့ရပါတယ်။

အဲ့ဒီ ရုပ်သံသတင်းကို Real News Of Myanmar ဆိုတဲ့ YouTube Channel က ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စတင် ထားတာကို တွေ့ရပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ realnews-24.com ဆိုတဲ့ Website က ရုပ်သံ ကြည့်ရှု လို့ရမယ့် Real News Of Myanmar YouTube Channel လင့်နဲ့ ချိတ်ဆက်ပြီး တင်ထားတာကိုလည်း တွေ့ရပြန်ပါ တယ်။

Real News Of Myanmar YouTube Channel ကတင်ထားတဲ့ မြန်မာငွေကျပ် ၅၀၀၀ တန်များကို ငွေမဲအဖြစ် ဗဟို ဘဏ် ကြေညာပြီဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ထားတဲ့ ရုပ်သံသတင်းဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ၅၀၀၀ ကျပ်တန် ငွေစက္ကူတွေကို ငွေမဲတွေဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန် ကြေညာ ထားတာကို မတွေ့ရသလို သတင်းဌာနတွေကလည်း ၅၀၀၀ တန် ငွေစက္ကူနဲ့ ပတ်သက်ပြီး သတင်းရေးသားထား တာကို မတွေ့ရလို့ပဲဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ Website မှာ https://www.cbm.gov.mm/my ဝင်ကြည့်လို့ရပါတယ်။

ဒါ့အပြင် Real News Of Myanmar YouTube Channel  က  မြန်မာငွေ ၅၀၀၀ ကျပ်တန်တွေကို ငွေမဲအဖြစ် ဗဟို ဘဏ် ကြေညာပြီဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ထားတဲ့ ရုပ်သံထဲမှာ ဆိုရင် သတင်းခေါင်းစဉ်နဲ့ ကိုက်ညီတဲ့ သတင်း တွေကို ရုပ်သံပြုလုပ်ထားတာ မဟုတ်ပဲ ခေါင်းစဉ်နဲ့ ကိုက်ညီမှု မရှိတဲ့ အကြောင်းအရာတွေကိုပဲ ပြောဆို နေတာ ကို တွေ့ရပါတယ်။

ဥပမာ - စစ်ကောင်စီရဲ့ ဖမ်းဆီးခံရတဲ့သူတွေ သေဆုံးတဲ့ သတင်း၊ ဘဏ်ဓါးပြတိုက်ခံရတဲ့ သတင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်တဲ့ သတင်း စတာတွေကို သတင်းရုပ်သံအဖြစ် ဖန်တီး ပြုလုပ်ထားတာကို တွေ့ရပါတယ်။

ဒါကြောင့် အချက်အလက် အားလုံးကို ကြည့်လိုက်တဲ့အခါမှာ Real News Of Myanmar YouTube Channel နဲ့ realnews-24.com တို့ တင်ထားတဲ့ ရုပ်သံသတင်းဟာ သတင်းအမှား ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

Real News Of Myanmar ဆိုတဲ့ YouTube Channel ရဲ့ ရုပ်သံကို ကြည့်ရှု့သူ ကိုးသောင်း ငါးထောင်နီးပါးရှိ နေပြီး၊ သဘောထားမှတ်ချက်ပေးသူနဲ့ ကြိုက်နှစ်သူတွေလည်း အတော်များများ ရှိနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် ဒီရုပ်သံကိုပဲ NLD.NUG ဆို ချီးထက်ရွံ့သူများ၊ တပ်မတော်ထောက်ခံသူများနှင့် အမျိုးသားအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ Facebook Group တွေထဲမှာ  ထပ်ဆင့် ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

Real News Of Myanmar ဆိုတဲ့ YouTube Channel ဟာ စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်က စတင်လွှင့် တင်ခဲ့တဲ့ Channel ဖြစ်ပြီး အဲဒီ Channel ကနေ ကြည့်ရှု့သူတွေ စိတ်ဝင်စားအောင် ဓာတ်ပုံတွေကို စာအရေး အသားတွေနဲ့ ပြုလုပ်ပြီး ရုပ်သံသတင်း အမှားတွေအဖြစ် ဖန်တီးထားတာဖြစ်ပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီးရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါကြောင့် YouTube Channel တွေကပဲ ဖြစ်ဖြစ်၊ Website တွေကပဲဖြစ်ဖြစ်၊ Facebook ကပဲဖြစ်ဖြစ် အစရှိတဲ့ လူမှုကွန်ရက်တွေနဲ့ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ ပြောပြတော့မယ်ဆိုရင် ယုံကြည်စိတ်ချ ရတဲ့ သတင်းဌာနတွေနဲ့ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့လိုပါတယ်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...