ဆိပ်ကမ်း ရဲစခန်း ဗုံးသီး နှစ်ကြိမ် ပစ်ခံရ၊ ရဲတပ်ဖွဲ့ ဝင် ၃ ဦး သေဆုံး

ဆိပ်ကမ်း ရဲစခန်း ဗုံးသီး နှစ်ကြိမ် ပစ်ခံရ၊ ရဲတပ်ဖွဲ့ ဝင် ၃ ဦး သေဆုံး

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ရဲစခန်းကို ဗုံးသီးဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီ လက်အောက် ခံ ရဲတပ်ဖွဲ့ဝင် ၃ ဦးပွဲချင်းပြီး သေဆုံးခဲ့သည်ဟုYangon Federal Army-YFA က ပြောသည်။

ဒီဇင်ဘာ ၂၂ ရက်၊ နံနက် ၆ ဝန်းကျင်က အဆိုပါရဲစခန်းကို CGF-HTY အဖွဲ့နှင့် Yangon Federal Army-YFA အဖွဲ့တို့ ပူးပေါင်းပြီး M79 40mm ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု YFA အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယုဇန ဥယျာဉ်မြို့တော် အိမ်ယာအတွင်းနေထိုင်သည့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက “မနက်က ဗုံးကွဲသံနှစ်ကြိမ်ကြားရတယ်။ ပြီးတော့ သေနတ်ပစ်သံတွေရော ဆက်တိုက်ကြားလိုက်တယ်။ ၆ နာရီ လောက် ကျတော့ ဆေးရုံ ကားသံတွေပါကြားတယ်။ ပြီးမှရဲစခန်းကိုလာပစ်သွားတာ သိတာ” ဟု ပြောသည်။

ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ဒဏ်ရာရရှိသူလည်း များပြားခဲ့ပြီး YFA ညီ နောင် ရဲဘော်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု YFA အဖွဲ့က ပြောသည်။

အဆိုပါ Mission သည် ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့၏ ပျံလွှားအောင်စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု YFA က ပြောသည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲများကို အရှိန် မြှင့်ဖော်ဆောင်သွားမည် ဖြစ်သဖြင့် ပြည်သူ များအနေဖြင့် စစ်ကောင်စီ တပ်များ စခန်းချသည့် နေရာများ၊ ရဲစခန်းနှင့် အစိုးရရုံးများ အနီးသို့ သွားလာခြင်းကို အထူးရှောင်ကြဉ်ကြရန် Area – 21 Revolution Network အဖွဲ့ကလည်း တိုက်တွန်းထားသည်။

Most read this week

July 30, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့အနီး ဒေါငံခါးကျေးရွာဘက်တွင် စစ်တပ်က နယ်မြေထိန်းချုပ်ရန် အင်အား အလုံး...
July 30, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်း ဖလူးနှင့် မင်းလက်ပံဒေသများတွင် စစ်တပ်နှင့် KNLA...
ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...