မြောက်ဦးမြို့နယ်တွင် နွားငါးကောင် ဓားဖြင့်ခုတ်ခံရမှု ရက္ခိုင်တပ်တော်နှင့် မြို့နယ်ထွေ/အုပ်တို့ထံ တိုင်ကြား

မြောက်ဦးမြို့နယ်တွင် နွားငါးကောင် ဓားဖြင့်ခုတ်ခံရမှု ရက္ခိုင်တပ်တော်နှင့် မြို့နယ်ထွေ/အုပ်တို့ထံ တိုင်ကြား

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မုချာကျေးရွာမှ လယ်သမားတစ်ဦးပိုင်ဆိုင်သည့် နွားငါးကောင် ဓားဖြင့်ခုတ်ခံရသည့်ဖြစ်စဉ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ညပိုင်းကဖြစ်ပွားခဲ့ပြီး နွားပိုင်ရှင်မှ ရက္ခိုင်တပ်တော်(AA)နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့ထံ တိုင်ကြားထားကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေ့က ကျေးရွာအနီးရှိလယ်ကွင်းတွင် နွားရှစ်ကောင်ကိုချည်နှောင်ထားခဲ့ရာမှ နွားငါးကောင်၏ ခြေထောက်များမှာ ဓားဖြင့်ခုတ်ခံထားရခြင်းဖြစ်ကြောင်း နွားပိုင်ရှင် ဦးမောင်စောထွန်းက ပြောသည်။

 “နွား ၅ကောင်ရဲ့ ခြေထောက်တွေကို ဓားနဲ့ခုတ်သွားတာ။ ကျနော့်ရဲ့နွားတွေကိုပဲ ရည်ရွယ်ချက်ရှိရှိနဲ့ရွေးပြီး ဓားနဲ့ခုတ်သွားတာလို့ယူဆမိတယ်။ ဓားခုတ်ခံရတဲ့နွားတွေဆို ခိုင်းနွားအဖြစ်သုံးလို့မရတော့ဘူး”ဟု ဦးမောင်စောထွန်းက ဆိုသည်။

နွားပိုင်ရှင်၏လယ်မြေမှာ မုချာကျေးရွာနှင့်တစ်မိုင်ခန့်အကွာတွင်ရှိပြီး ယခင်ကလည်း အစောင့်မရှိဘဲ နွားများကို လယ်ကွင်းတွင်ထားခဲ့ကြောင်း၊ အဆိုပါနေရာတွင် အခြားသူများ၏ နွားများလည်းရှိကြောင်း သိရသည်။

ယခုကဲ့သို့ နွားများကိုအခုတ်ခံရခြင်းထက် လူအသက်အန္တရာယ်အတွက်ပါ စိုးရိမ်လာသည်ဟုလည်း ဦးမောင်စောထွန်းက ပြောသည်။

မုချာကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမောင်သန်းက ယခုဖြစ်စဉ်ကို မည်သူမည်ဝါကျူးလွန်သွားသည်ကို လတ်တလောတွင် မသိရှိရသေးကြောင်းပြောသည်။

ရခိုင်ပြည်အတွင်းက မြို့နယ်အချို့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ထူးခြားဖြစ်စဉ်များကို ဆက်တိုက်တွေ့ရှိလာရသည့်အပြင် လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်သောဖြစ်စဉ်များကိုပါ ဆက်တိုက်တွေ့ရှိရ၍ ဆင်ခြင်သတိထားကြရန် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းသို့ထူးခြားဖြစ်စဉ်များထဲတွင် စပါးရိတ်သိမ်းခြွီလှည့်စက်မီးရှို့ခံရမှု၊ ရိတ်သိမ်းပြီးစပါးစည်း (ကောက်လှိုင်းစည်း)များမီးရှို့ခံရမှု၊ ရခိုင်အမျိုးသမီးတစ်ဦးအား မွတ်ဆလင်(၂)ဦးမှ မုဒိမ်းပြုကျင့်ရန်ကြံစဉ်မှု၊ မူလတန်း(လွန်)ကျောင်းအား မီးရှို့ခံရမှု စသည့်ဖြစ်စဉ်များပါဝင်ကြောင်း ULA က ဖော်ပြသည်။

ULA မှထုတ်ပြန်ပြီးနောက် သုံးရက်အကြာတွင် မြောက်ဦးမြို့နယ်၌ နွားများဓားဖြင့်ခုတ်ခံရသည့်ဖြစ်စဉ် ထပ်မံဖြစ်ပွားလာခြင်းလည်းဖြစ်သည်။

AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...
August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...