ဖားကန့် မြေပြိုမှုတွင် သေဆုံးသွားသည့် လူ ၅ဦး ရုပ်အလောင်းမတွေ့ရှိသေး

ဖားကန့် မြေပြိုမှုတွင် သေဆုံးသွားသည့် လူ ၅ဦး ရုပ်အလောင်းမတွေ့ရှိသေး

ဖားကန့်မြို့နယ် ဆပ်မူအုပ်စု ဆိုင်းဂျာဘွမ့်ကျေးရွာတွင် မြေစာပုံပြိုကျကြောင့် သေဆုံးမှုတွင်ပါဝင်သည့် လူ ၅ ဦး ၏ ရုပ်အလောင်းကို ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ မတွေ့ရသေးကြောင်း သိရသည်။

“တာဝန်ရှိတဲ့ ကယ်ဆေးရေးအဖွဲ့တွေက ဒီနေ့တော့ ရှာဖွေတာရပ်နားလိုက်ပြီ။ မနေ့က တစ်နေ့လုံး ရတဲ့နည်းလမ်းတွေနဲ့ရှာပြီးသွားပြီ။ ဒါပေမယ့် မတွေ့သေးဘူး။ မြေပြိုတဲ့နေရာမှာ သေဆုံးတဲ့ စာရင်းက ၅ယောက်ဖြစ်တယ်လို့ သိရတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသည့် ပြည်သူတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းအစောပိုင်း ၁နာရီဝန်းကျင်တွင် မြေစာပုံပြိုကျခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့ရာတွင် ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်မှ ၃ ဦးနှင့် ရေမဆေးမသမား ၂ ဦး ပါဝင်ကြောင်းသိရသည်။

အဆိုပါ သေဆုံးခဲ့သည့် ရေမဆေးသမား ၂ ဦးမှာ မက်လင်ဂျောင်ကျေးရွာနှင့် ဆိုင်းဂျာဘွမ့် ကျေးရွာတို့တွင် နေထိုင်သူများဖြစ်ကြောင်းသိရသည်။

တရားမဝင်လုပ်ကိုင်နေသည့်လုပ်ကွက်နေရာဖြစ်ပြီး ပေ ၁ ထောင်ခန့်ရှိသည့် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...