ဖားကန့် မြေပြိုမှုတွင် သေဆုံးသွားသည့် လူ ၅ဦး ရုပ်အလောင်းမတွေ့ရှိသေး

ဖားကန့် မြေပြိုမှုတွင် သေဆုံးသွားသည့် လူ ၅ဦး ရုပ်အလောင်းမတွေ့ရှိသေး

ဖားကန့်မြို့နယ် ဆပ်မူအုပ်စု ဆိုင်းဂျာဘွမ့်ကျေးရွာတွင် မြေစာပုံပြိုကျကြောင့် သေဆုံးမှုတွင်ပါဝင်သည့် လူ ၅ ဦး ၏ ရုပ်အလောင်းကို ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ မတွေ့ရသေးကြောင်း သိရသည်။

“တာဝန်ရှိတဲ့ ကယ်ဆေးရေးအဖွဲ့တွေက ဒီနေ့တော့ ရှာဖွေတာရပ်နားလိုက်ပြီ။ မနေ့က တစ်နေ့လုံး ရတဲ့နည်းလမ်းတွေနဲ့ရှာပြီးသွားပြီ။ ဒါပေမယ့် မတွေ့သေးဘူး။ မြေပြိုတဲ့နေရာမှာ သေဆုံးတဲ့ စာရင်းက ၅ယောက်ဖြစ်တယ်လို့ သိရတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသည့် ပြည်သူတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းအစောပိုင်း ၁နာရီဝန်းကျင်တွင် မြေစာပုံပြိုကျခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့ရာတွင် ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်မှ ၃ ဦးနှင့် ရေမဆေးမသမား ၂ ဦး ပါဝင်ကြောင်းသိရသည်။

အဆိုပါ သေဆုံးခဲ့သည့် ရေမဆေးသမား ၂ ဦးမှာ မက်လင်ဂျောင်ကျေးရွာနှင့် ဆိုင်းဂျာဘွမ့် ကျေးရွာတို့တွင် နေထိုင်သူများဖြစ်ကြောင်းသိရသည်။

တရားမဝင်လုပ်ကိုင်နေသည့်လုပ်ကွက်နေရာဖြစ်ပြီး ပေ ၁ ထောင်ခန့်ရှိသည့် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...