မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီးတွင် မိုင်းနင်းမိ၍ နယ်ခြားစောင့်တစ်ဦး ဒဏ်ရာရ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီးတွင် မိုင်းနင်းမိ၍ နယ်ခြားစောင့်တစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီးတွင် ကင်းလှည့်နေစဉ်မိုင်းနင်းမိ၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက နယ်စပ်ခြံစည်းရိုးအနီးကင်းလှည့်နေစဉ် မိုင်တိုင်အမှတ် ၄၀ နှင့် ၄၁ ကြားတွင် မိုင်းနင်းမိ၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး ခြေချင်းဝတ်၌ ဒဏ်ရာရရှိသွားခဲ့ကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးကပြောသည်။

“ခြေချင်းဝတ်ပြတ်ချဒဏ်ရာရသွားတယ်။ အခုတော့ ဘူးတောင်စစ်ဆေးရုံမှာ ဆေးကုသနေတယ်"ဟု ၎င်းရဲအရာရှိက ပြောသည်။

အဆိုပါမိုင်းမှာ သောင်းကျန်းသူများထောင်ထားသည့်မိုင်းဟု ရဲအရာရှိကဆိုသည်။ မိုင်းနင်းမိသည့်နေရာမှာ ခမောင်းဆိပ်မြို့အထက်ပိုင်း ဝေလာတောင်ကျေးရွာတောင်ကြော မြန်မာ-ဘင်္ဂလားဒေ့ရှ် ခြံစည်းရိုးအနီးတွင်ဖြစ်သည်။

ထိုသို့ မိုင်းနင်းမိ၍ဒဏ်ရာရရှိသွားသည့် နယ်ခြားစောင့်ရဲမှာ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၆) အင်းဒင်စခန်းမှဖြစ်ကြောင်း သိရသည်။

ခမောင်းဆိပ်မြို့ ဒေသခံ ကိုနေဝင်းထွန်းက "မိုင်းနင်းမိလို့ နယ်ခြားစောင်တပ်သားနှစ်ဦး ဒဏ်ရာရတယ်လို့တော့ သိရတယ်။ ပထမတော့ ကြိမ်ချောင်းဆေးရုံကိုယူသွားကြတယ်"ဟု ပြောသည်။

မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရနယ်မြေအပိုင် ဇီပင်ချောင်းကျေးရွာဟောင်းအနီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့က နယ်ခြားစောင့်တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် ARSA အခြေချထားသည့်စခန်းတစ်ခုအားတွေ့ရှိပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ ARSA တပ်ဖွဲ့ဝင်ငါးဦးအား လက်နက် ၁ လက်နှင့်အတူ ဖမ်းမိခဲ့ကြောင်းလည်း သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...