မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီးတွင် မိုင်းနင်းမိ၍ နယ်ခြားစောင့်တစ်ဦး ဒဏ်ရာရ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီးတွင် မိုင်းနင်းမိ၍ နယ်ခြားစောင့်တစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီးတွင် ကင်းလှည့်နေစဉ်မိုင်းနင်းမိ၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက နယ်စပ်ခြံစည်းရိုးအနီးကင်းလှည့်နေစဉ် မိုင်တိုင်အမှတ် ၄၀ နှင့် ၄၁ ကြားတွင် မိုင်းနင်းမိ၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး ခြေချင်းဝတ်၌ ဒဏ်ရာရရှိသွားခဲ့ကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးကပြောသည်။

“ခြေချင်းဝတ်ပြတ်ချဒဏ်ရာရသွားတယ်။ အခုတော့ ဘူးတောင်စစ်ဆေးရုံမှာ ဆေးကုသနေတယ်"ဟု ၎င်းရဲအရာရှိက ပြောသည်။

အဆိုပါမိုင်းမှာ သောင်းကျန်းသူများထောင်ထားသည့်မိုင်းဟု ရဲအရာရှိကဆိုသည်။ မိုင်းနင်းမိသည့်နေရာမှာ ခမောင်းဆိပ်မြို့အထက်ပိုင်း ဝေလာတောင်ကျေးရွာတောင်ကြော မြန်မာ-ဘင်္ဂလားဒေ့ရှ် ခြံစည်းရိုးအနီးတွင်ဖြစ်သည်။

ထိုသို့ မိုင်းနင်းမိ၍ဒဏ်ရာရရှိသွားသည့် နယ်ခြားစောင့်ရဲမှာ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၆) အင်းဒင်စခန်းမှဖြစ်ကြောင်း သိရသည်။

ခမောင်းဆိပ်မြို့ ဒေသခံ ကိုနေဝင်းထွန်းက "မိုင်းနင်းမိလို့ နယ်ခြားစောင်တပ်သားနှစ်ဦး ဒဏ်ရာရတယ်လို့တော့ သိရတယ်။ ပထမတော့ ကြိမ်ချောင်းဆေးရုံကိုယူသွားကြတယ်"ဟု ပြောသည်။

မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရနယ်မြေအပိုင် ဇီပင်ချောင်းကျေးရွာဟောင်းအနီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့က နယ်ခြားစောင့်တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် ARSA အခြေချထားသည့်စခန်းတစ်ခုအားတွေ့ရှိပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ ARSA တပ်ဖွဲ့ဝင်ငါးဦးအား လက်နက် ၁ လက်နှင့်အတူ ဖမ်းမိခဲ့ကြောင်းလည်း သိရသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...