ကွတ်ခိုင်မြို့အနီး ပစ်ခတ်မှု ဖြစ်ပွား

ကွတ်ခိုင်မြို့အနီး ပစ်ခတ်မှု ဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင် မြို့ အနီးမှာ ဒီဇင်ဘာ ၁၈ ရက် ည ၇ နာရီခန့်ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“ည‌ ၆ နာရီ ၅၀ မိနစ်ခန့်ကစ ကွတ်ခိုင်မြို့နဲ့အနီးမှာ လက်နက်အကြီး၊ အသေး တွေစတင် ပစ်ခတ်နေတာ။ ၇ နာရီ ၁၀ မိနစ်လောက်ထိ။ အထိအခိုက်တော့ ဘာမှ မသိရသေးဘူး။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ မည်မသိတဲ့ အဖွဲ့ တို့က တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သံဆက်တိုက်ကြားနေရကြောင်း အနီးနားနေထိုင်သူတစ်ဦးက ပြောပါတယ်။

“ကွတ်ခိုင်မှာ တိုက်ပွဲ ဖြစ်နေတယ်။ အေးရှားဝေါ တိုးဂိတ်ကို လာပစ်တယ်။ ကျည်ဆံတောင် လွှင့်လာတယ်။” လို့ သူက ဆိုပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်းမှာ မကြာခဏ တိုက်ပွဲ ဖြစ်ပွားတတ်ပြီး အဆိုပါနေရာတွေဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ လှုပ်ရှားနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...