ကွတ်ခိုင်မြို့အနီး ပစ်ခတ်မှု ဖြစ်ပွား

ကွတ်ခိုင်မြို့အနီး ပစ်ခတ်မှု ဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင် မြို့ အနီးမှာ ဒီဇင်ဘာ ၁၈ ရက် ည ၇ နာရီခန့်ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“ည‌ ၆ နာရီ ၅၀ မိနစ်ခန့်ကစ ကွတ်ခိုင်မြို့နဲ့အနီးမှာ လက်နက်အကြီး၊ အသေး တွေစတင် ပစ်ခတ်နေတာ။ ၇ နာရီ ၁၀ မိနစ်လောက်ထိ။ အထိအခိုက်တော့ ဘာမှ မသိရသေးဘူး။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ မည်မသိတဲ့ အဖွဲ့ တို့က တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သံဆက်တိုက်ကြားနေရကြောင်း အနီးနားနေထိုင်သူတစ်ဦးက ပြောပါတယ်။

“ကွတ်ခိုင်မှာ တိုက်ပွဲ ဖြစ်နေတယ်။ အေးရှားဝေါ တိုးဂိတ်ကို လာပစ်တယ်။ ကျည်ဆံတောင် လွှင့်လာတယ်။” လို့ သူက ဆိုပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်းမှာ မကြာခဏ တိုက်ပွဲ ဖြစ်ပွားတတ်ပြီး အဆိုပါနေရာတွေဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ လှုပ်ရှားနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။

May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...