ဒီမိုကရေစီလိုလားသောပြည်သူများကိုကူညီပေးခြင်းသည် အိန္ဒိယအစိုးရ၏ တာဝန်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် အထက်လွတ်တော်အမတ်ပြော

ဒီမိုကရေစီလိုလားသောပြည်သူများကိုကူညီပေးခြင်းသည် အိန္ဒိယအစိုးရ၏ တာဝန်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် အထက်လွတ်တော်အမတ်ပြော

အိန္ဒိယနိုင်ငံသည် ကမ်ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သောကြောင့် အိမ်နီးချင်းနိုင်ငံမှ ဒီမိုကရေစီလိုလားသောပြည်သူများကို ကူညီထောက်ပံ့ပေးခြင်းသည် အိန္ဒိယအစိုးရ၏ တာဝန်တစ်ရပ်ဖြစ်သည်ဟု မီဇိုရမ်ပြည်နယ် အထက်လွတ်တော်အမတ် (Rajya Sabha MP) Pu K.Vanlalvena က ပြောသည်။

မြန်မာ့နိုင်ငံရေးအလြေနေကြောင့် အိနိ္ဒယနိုင်ငံဘက်သို့ ထွက်ပြေးခိုလုံနေကြသည့်မြန်မာစစ်ဘေးရှောင်အရေးနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေသောအိန္ဒိယဗဟိုအစိုးရကို ဒီဇင်ဘာ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံ ပါလီမန်အစည်းအဝေးတွင် Pu K.Vanlalvena က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေသထုတ် Zonet သတင်းတွင် ဖော်ပြသည်။

“မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင် ၁၅၀၀၀ ခန့်ရှိတယ်။ အဲဒီစစ်ဘေးရှောင်တွေကို အိန္ဒိယဗဟိုအစိုးရရဲ့ ကူညီထောက်ပံ့မှုမပါဘဲ မီဇိုရမ်အစိုးရ၊ နိုင်ငံရေးပါတီ၊ NGO အဖွဲ့အစည်းတွေနဲ့ မီဇိုးပြည်သူတွေက (၁၁) လနီးပါး အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ခဲ့ကြတယ်။ စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားနိင်သည့်အထိ ဆောင်ရွက်နေပြီဖြစ်တယ်” ဟု Pu K.Vanlalvena က ပြောသည်။

ထို့ကြောင့် ဒီမိုကရေစီလိုလားသော အိမ်နီးချင်း မြန်မာပြည်သူများအား ကူညီပံ့ပိုးခြင်းသည် ကမ်ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယဗဟိုအစိုးရမှမဖြစ်မနေဆောင်ရွက်ရမည့်တာဝန်တရပ်ဖြစ်သည်ဟု Pu K.Vanlalven ကပြောသည်။

မီဇိုရမ်ရောက် စစ်ဘေးရှောင်ပြည်သူများတချို့မှာ ဆွေမျိုးမိသားစုအိမ်မှာ နေထိုင်ကြပြီး တချို ့မွာ မီဇိုရမ်အစိုးရနှင့် NGO အဖွဲ့အစည်းပူးပေါင်းကာ မီဇိုရမ်ပြည်နယ်အသီးသီးရှိ ရွာပေါင်း (၁၅) ရွာမှာ တည်ဆောက်ထားတဲ့ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကြသည်။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...