မောင်တောမှဘင်္ဂလာဒေ့ရှ်သို့ ကုန်စည်တင်ပို့မှုတန်ဖိုး ယခင်ထက် ခြောက်ဆကျော်မြင့်တက်လာ

မောင်တောမှဘင်္ဂလာဒေ့ရှ်သို့ ကုန်စည်တင်ပို့မှုတန်ဖိုး ယခင်ထက် ခြောက်ဆကျော်မြင့်တက်လာ

ရခိုင်ပြည်နယ် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေးရှိနိုင်ငံသို့ ကုန်စည်တင်ပို့မှုမှာ ယခင်လများထက် ယခုလ ကုန်စည်တင်ပို့မှုတန်ဖိုး ခြောက်ဆကျော်မြင့်တက်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသာထွန်းစိန်က ပြောကြားသည်။

ပြီးခဲ့သည် နိုဝင်ဘာ ၁ နေ့မှ ၁၂ ရက်နေ့အထိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေးရှ်နိုင်ငံသို့ တင်ပို့ကုန်များမှာ ကန်ဒေါ်လာ ၁ သိန်းကျော်ရှိခဲ့သော်လည်း ယခုဒီဇင်ဘာ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိတင်ပို့ကုန်များမှာ ကန်ဒေါ်လာ ၇ သိန်းကျော်အထိရှိလာကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှစာရင်းများအရ သိရသည်။

“ပို့ကုန်တွေကတော့ ရေထွက်ကုန်ပစ္စည်းပိုများတယ်။ တစ်နေ့ကို ပျှမ်းမျှအားဖြင့် ဒေါ်လာ ၆ သောင်းကျော်အထိရှိတယ်။ လက်ရှိမှာတော့ ကုန်သွယ်မှုလုပ်ငန်းတွေကလည်း တိုးတက်လာတယ်။ နောက်ထပ်လည်း ကုန်သွယ်မှုအပိုင်းတွေ တိုးတက်လာနိုင်တဲ့ အနေထားတွေရှိပါတယ်”ဟု လက်ထောက်ညွန်ကြားရေးမှူး ဦးသာထွန်းစိန်က DMG သို့ပြောသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ တစ်ရက်လျှင် ပို့ကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၆ သောင်းကျော်ရှိကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလာဒေရှ့်နိုင်ငံသို့  ပို့ကုန်များမှာ ဗုဒ္ဓဆင်းတုတော်၊ သနပ်ခါး၊ ငါးမြစ်ချင်း၊ ငါးခြောက်၊ ကြက်သွန်နီ၊ ဇီးယို၊ ကွမ်းသီး၊ ဝါး၊ ဖိနပ် စသည့်ကုန်စ္စည်းများဖြစ်ပြီး သွင်းကုန်များမှာ မီးဖိုချောင်းသုံးပစ္စည်းများ၊ ပလက်စတစ်၊ ရေတိုင်ကီနှင့် လူသုံးကုန်ပစ္စည်းအချို့ဖြစ်သည်။

ပြီးခဲ့သည့်နိုဝင်ဘာလက မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလာဒေးရှ်နိုင်ငံသို့ပို့ကုန်မှာ ကန်ဒေါ်လာ ၁ ဒသမ ၅၈၄ သန်းနှင့် သွင်းကုန်မှာ ကန်ဒေါ်လာ ၀ ဒသမ ၀၁၂ သန်းရှိခဲ့သည်။

ကိုဗစ်တတိယလှိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို ယခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ကစတင်ပြီး ယာယီပိတ်ထားခဲ့ရာမှ အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

သို့သော် မောင်တောနယ်စပ်မှကုန်သွယ်ရာတွင် စီပွါးရေးဇုန်လမ်းများပျက်စီးနေမှုကြောင့် ကုန်သွယ်မှုမပြုလုပ်နိုင်ခဲ့ဘဲ အောက်တိုဘာ ၂၀ ရက်နေ့မှ ကုန်သွယ်မှုစတင်ပြုလုပ်ခဲ့သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...