သိန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းကို စစ်ကောင်စီအင်အားအလုံးအရင်းနဲ့ ဝင်စီး၍မီးရှို့ဖျက်ဆီး

သိန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းကို စစ်ကောင်စီအင်အားအလုံးအရင်းနဲ့ ဝင်စီး၍မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နေရာကို ယနေ့ နံနက်အစောပိုင်းက စစ်ကောင်စီ အင်အားအလုံးအရင်းသုံးပြီး ဝင်စီးကာ စခန်းတဲများကို မီးရှို့ဖျက်ဆီးသွားကြောင်း သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

လမ်းကင်းစခန်း ၂ နေရာ ဝင်တိုက်ခံရတာကြောင့် ဖမ်းဆီးခံရသူရှိပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့်လည်း  PDF ဘက်က ဒဏ်ရာရသူရှိကြောင်း သိရပါတယ်။

“ဒီကနေ့ မနက် ၅ နာရီကျော်ခန့်မှာ သိန္နီ PDF ရဲ့ သင်တန်းလေ့ကျင့်ရေးကွင်းနေရာကို စစ်ကောင်စီ တပ်မ ထပ်မံဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ သိန္နီ PDF ပြောက်ကျားအဖွဲ့ ၅ နဲ့ အပြန်လှန်ပစ်ခတ်ခဲ့တာ စစ်ကောင်စီဘက်က အင်အားများလို့ လက်နက်ချင်းမမျှတာကြောင့် ကျွန်တော်တို့ ပြောက်ကျားအဖွဲ့ က ပြန်လည်ဆုတ်ခွာခဲ့တယ်။ စစ်ကောင်စီဘက်က ၃ ယောက်ကျတယ်။ သိန္နီ PDF ဘက်က ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်။” လို့ သူက ပြောပါတယ်။

စစ်ကောင်တပ်က သိန္နီ PDF သင်တန်းကွင်းနေရာရှိ သင်တန်းသုံးကိရိယာများ မီးရှိူ့ဖျက်ဆီးသွားခဲ့ကြောင်း “ပထမဆုံး ကင်းစခန်းကို ဝင်တိုက်တော့ နှစ်ယောက် ပါသွားတယ်။ တဲတွေကို မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ရိက္ခာတစ်ချိူ့ နဲ့  အသုံးအဆောင်တွေ ပါသွား ပါတယ်။ အရင် ၄ ရက်ခန့် ကတည်းက သူတို့ အင်အား အလုံးရင်းဖြန့်နေတာပါ” လို့ သူက ဆက် ပြောပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီကျော်အချိန်ကလည်း သိန္နီ PDF ရဲ့ ကင်းစခန်းကို စစ်ကောင်စီတပ်က  အင်အား အလုံးအရင်းသုံးပြီး ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့လို့ ခုခံစစ်အတွင်း အင်အားမမျှတဲ့အပြင် သိန္နီ PDF ဘက်က တပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံလိုက်ရကာ ကျန်တပ်ဖွဲ့ဝင်တွေလည်း ဆုတ်ခွာခဲ့ရပြီး ကင်းစခန်းလည်း မီးရှို့ ဖျက်ဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ စစ်ကောင်စီတပ်က အင်းအား အလုံးရင်းထိုးစစ်ဆင် တိုက်ခိုက်တာကို ရရာလက်နက်အင်အားနဲ့ ပြောက်ကျား စစ်ဆင်ရေး ထပ်မံ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...