လူငယ်စာရေးဆရာ မင်းဒီပါအမှုတွင် တရားလိုအပါအဝင် ၄ ဦးကိုစတင်စစ်ဆေး

လူငယ်စာရေးဆရာ မင်းဒီပါအမှုတွင် တရားလိုအပါအဝင် ၄ ဦးကိုစတင်စစ်ဆေး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည့်စွပ်စွဲချက်ဖြင့်ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါကို နိုဝင်ဘာလ ၂၆ ရက်နေ့က မြောက်ဦးခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့သည်။

ယနေ့ရုံးချိန်းတွင် တရားလိုအပါအဝင် လိုပြသက်သေ ၄ ဦးတို့ကိုစစ်ဆေးခဲ့ကြောင်း ရှေ့နေထံမှသိရသည်။

“ဒီနေ့ရုံးထုတ်တဲ့အခါ တရားလိုနဲ့ လိုပြသက်သေတွေကို စတင်စစ်ဆေးခဲ့တယ်။ အားလုံးတော့ မပြီးသေးဘူး။ ၄ ယောက်ဘဲစစ်ဆေးနိုင်ခဲ့တယ်”ဟု သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ အထက်တန်းရှေ့နေ ဦးကျော်စိုးလင်းက ပြောသည်။

လူငယ်စာရေးဆရာမင်းဒီပါမှာ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင်ဖမ်းဆီးခံရပြီး PDF ကို ငွေကြေးထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် မြောက်ဦးမြို့ရဲစခန်းမှ ဒုရဲမှူး စိုးတင်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါအမှုတွင် တရားလိုအပါအဝင် လိုပြသက်သေစုစုပေါင်း ၇ ဦးရှိပြီး ယနေ့ရုံးချိန်းမှာပင် လိုပြသက်သေ ၄ ဦးကို စစ်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိသည့်သက်သေ ၃ ဦးကိုစစ်ဆေးရန်အတွက် လာမည့် ဒီဇင်ဘာလ ၃ ရက်နေ့သို့ ထပ်မံရုံးချိန်းထားကြောင်း သိရသည်။

“ဒီအမှုနဲ့ပတ်သက်ပြီးတော့ အမှန်တရားဖြစ်စေချင်တယ်။ အမှုကိုလည်း အမြန်ဆုံးပြီးမြောက်စေချင်တယ်”ဟု လူငယ်စာရေးဆရာမင်းဒီပါ၏ အစ်ကိုဖြစ်သူ ကိုအောင်မြင့်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ရခိုင်ပြည်အတွင်းမှဖမ်းဆီးခံထားရသူ ၆ ဦးရှိပြီး မြောက်ဦးမြို့နယ်မှ ၁ ဦးနှင့် သံတွဲမြို့နယ်မှ ၅ ဦးတို့ဖြစ်ကြသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...