လူငယ်စာရေးဆရာ မင်းဒီပါအမှုတွင် တရားလိုအပါအဝင် ၄ ဦးကိုစတင်စစ်ဆေး

လူငယ်စာရေးဆရာ မင်းဒီပါအမှုတွင် တရားလိုအပါအဝင် ၄ ဦးကိုစတင်စစ်ဆေး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည့်စွပ်စွဲချက်ဖြင့်ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါကို နိုဝင်ဘာလ ၂၆ ရက်နေ့က မြောက်ဦးခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့သည်။

ယနေ့ရုံးချိန်းတွင် တရားလိုအပါအဝင် လိုပြသက်သေ ၄ ဦးတို့ကိုစစ်ဆေးခဲ့ကြောင်း ရှေ့နေထံမှသိရသည်။

“ဒီနေ့ရုံးထုတ်တဲ့အခါ တရားလိုနဲ့ လိုပြသက်သေတွေကို စတင်စစ်ဆေးခဲ့တယ်။ အားလုံးတော့ မပြီးသေးဘူး။ ၄ ယောက်ဘဲစစ်ဆေးနိုင်ခဲ့တယ်”ဟု သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ အထက်တန်းရှေ့နေ ဦးကျော်စိုးလင်းက ပြောသည်။

လူငယ်စာရေးဆရာမင်းဒီပါမှာ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင်ဖမ်းဆီးခံရပြီး PDF ကို ငွေကြေးထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် မြောက်ဦးမြို့ရဲစခန်းမှ ဒုရဲမှူး စိုးတင်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါအမှုတွင် တရားလိုအပါအဝင် လိုပြသက်သေစုစုပေါင်း ၇ ဦးရှိပြီး ယနေ့ရုံးချိန်းမှာပင် လိုပြသက်သေ ၄ ဦးကို စစ်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိသည့်သက်သေ ၃ ဦးကိုစစ်ဆေးရန်အတွက် လာမည့် ဒီဇင်ဘာလ ၃ ရက်နေ့သို့ ထပ်မံရုံးချိန်းထားကြောင်း သိရသည်။

“ဒီအမှုနဲ့ပတ်သက်ပြီးတော့ အမှန်တရားဖြစ်စေချင်တယ်။ အမှုကိုလည်း အမြန်ဆုံးပြီးမြောက်စေချင်တယ်”ဟု လူငယ်စာရေးဆရာမင်းဒီပါ၏ အစ်ကိုဖြစ်သူ ကိုအောင်မြင့်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ရခိုင်ပြည်အတွင်းမှဖမ်းဆီးခံထားရသူ ၆ ဦးရှိပြီး မြောက်ဦးမြို့နယ်မှ ၁ ဦးနှင့် သံတွဲမြို့နယ်မှ ၅ ဦးတို့ဖြစ်ကြသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...